ရှမ်းပြည်နယ်လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
ရှမ်းပြည်နယ်လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး၊ စက်တင်ဘာလ(၄)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)ကို စက်တင်ဘာလ(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်းရှိ လူငယ်များ ကာယ၊ဉာဏ၊စာရိတ္တ၊မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ကော်မတီဝင်ဌာနများအလိုက် လူငယ်ကဏ္ဍ (၁၆)ရပ်ပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် လမ်းညွှန်ချက် ၊ ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ခဲ့ပါကြောင်း ၊ လူငယ်ကဏ္ဍ(၁၆)ရပ်ကို ပြည်နယ်အဆင့်များသာမက ခရိုင်၊ မြို့နယ်အဆင့်အထိပါ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်လူငယ်ရေးရာကော်မတီနှင့် မြို့နယ်လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း(၁)ခု ၊ ဒေသ(၁)ခုနှင့် ခရိုင်အဆင့် (၉)ခရိုင် ၊ မြို့နယ်အဆင့် (၃၁)မြို့နယ်သာ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ တောင်ကြီး၊ စက်တင်ဘာလ(၃)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ(ကွာတားဖိုင်နယ်)(၂-၉-၂၀၂၃)ရက်နေ့ ပွဲစဉ်များတွင် ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ် အသင်းကို(၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို ကရင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၁၃) နန်းသန်းမြင့်စန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၇) မေဂျူလှိုင်တို့ ရရှိခဲ့ကြသည်။ (၃.၉.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် နေပြည်တော်တိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ်အားကစားကွင်းတွင် လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက နေပြည်တော်တိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ […]
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ ရန်ကုန်၊ စက်တင်ဘာလ(၂)ရက်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (Seventh ASEAN Ministerial Meeting on Sports AMMS-7 and Related Meetings ) သို့ တက်ရောက်ခဲ့သည် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် သြဂုတ်လ(၂၇)ရက်နေ့မှစက်တင်ဘာလ(၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက်အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်အဝေးနှင့်ဆက်စပ်အစည်းအဝေးများ(Fourteenth ASEAN Senior Officials Meeting On […]
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ မော်လမြိုင်၊ စက်တင်ဘာလ(၁)ရက်။ ၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နံနက်ပိုင်း (၈း၃၀)နာရီအချိန် မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံ တွန်းအားပေးပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် အထူးအလေးပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်၊ လူရွယ်များ ကျန်းမာသန်စွမ်းပြီး ကိုယ်ကာယကြံ့ခိုင်စေရန် အားကစားလှုပ်ရှားမှုများမှာ ပါဝင်ကြဖို့ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် နေပြည်တော်၊ စက်တင်ဘာ(၁)။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၃၀)ရက်နေ့မှ စက်တင်ဘာလ (၂)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အိမ်ရှင်ထိုင်းနိုင်ငံမှ အားကစားနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ၀န်ကြီး H.E Phiphat Ratchakitprakarn က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၊ ယခင်ကျင်းပပြုလုပ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ (၁၃)ကြိမ်မြောက်နှင့် (၁၄)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး၊ အခြားဆက်စပ်အစည်းအဝေးများနှင့် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ(၃၁.၈.၂၀၂၃)
![]()
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ(၃၁.၈.၂၀၂၃) တောင်ကြီး ဩဂုတ်လ(၃၁)ရက်။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ (၃၁.၈.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့က ပြည်နယ်အားကစားကွင်းတွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တောင်ကြီးတက္ကသိုလ် အားကစားကွင်းတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားခဲ့ကြသည်။ ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၂)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုများကို မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၉) မိုးပွင့်ဖြူနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ်(၁၀) ရှင်းသန့်ဖြူဇင်ပြုံးတို့ ရရှိခဲ့ကြသည်။ အဆိုပါ အကောင်းဆုံးအားကစားသမားဆုများရရှိခဲ့ကြသည့် အားကစားသမားများအား လွိုင်လင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်(ကြီးကြပ်) ဦးလှတင့်တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိပါသည်။ (၂.၉.၂၀၂၃)ရက်နေ့ ပွဲစဉ်များအဖြစ် […]
ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
![]()
ပြည်ထောင်စုနယ်မြေ နေပြည်တော် အ.ထ.က (၆) တွင် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ် (၃၁)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ သရုပ်ပြသ ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲ တွင် သွားရောက်ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်အားကစား မောင်မယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)နှင့် အခြေခံပညာကျောင်းများမှ အားကစားမောင်မယ်များက ဝူရှူး၊ အေရိုးဗစ်နှင့် ကျွမ်းဘားအားကစားတို့ကို […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်ရှိ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဩဂုတ်လ(၃၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၉)နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း/ အားကစားရုံနှင့် လယ်ဝေးမြို့နယ် Training Center(TC-2) ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် လိုအပ်သည်များဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အားကစားသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အားကစားသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဩဂုတ် (၃၀)။ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအားကစားသရုပ်ပြပွဲနှင့်အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စမ်းချောင်းမြို့နယ်အ.ထ.က(၁)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဒုဥက္ကဌနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့က အားကစားပစ္စည်းများပေးအပ်လှူဒါန်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေမှူး၊ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးတို့က အားကစားနှင့်လူငယ်ရေးရာများဟောပြောခဲ့ကြပါသည်။ ဝူရှူးအားကစားအဖွဲ့နှင့် Fitness Dance အားကစားအဖွဲ့တို့မှ သရုပ်ပြသကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးကသရုပ်ပြအဖွဲ့များအား ထောက်ပံ့ငွေပေးများပေးအပ်ခဲ့ပြီး ကျောင်းသား/သူများအား အားကစားဆိုင်ရာ ဉာဏ်စမ်းမေးခွန်များမေးမြန်းခဲ့ကြပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
![]()
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ နေပြည်တော်၊ ဩဂုတ် (၃၀)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးရဲတင့်၊ ဒေါက်တာ မိုးဇော်ထွန်း၊ ဦးမျိုးလှိုင်၊ ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ကြမည့် […]