အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရေကြည်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရေကြည်၊ နိုဝင်ဘာ(၈)ရက်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ငပိဆိပ်ကျေးရွာ၊ (အ.ထ.က)ငပိဆိပ်ကျောင်း၌ ၈.၁၁.၂၀၂၃ ရက်နေ့ နံနက်၁၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က “ လူငယ်နှင့် အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်မှူး)က အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်းအသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် အားကစားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် Physical Fitness Dance အကများ၊ Exercise is Medicine “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၁၂:၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။အဆိုပါအခမ်းအနားသို့အင်အား(၅၄၁)ဦးတက်ရောက်ခဲ့ပါသည်။