အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း (ကကွက်)နှင့် ဝိတ်တန်းအလိုက် (အတိုက်)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ (၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း (ကကွက်) ပြိုင်ပွဲနှင့် ဝိတ်တန်းအလိုက် (အတိုက်)ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားတစ်ဦးချင်း(ကကွက်) ပြိုင်ပွဲပွဲစဉ်တွင် အောင်ခေတ်ပိုင်(ရန်ကုန်)က ပထမ၊ ထက်လင်းအောင် (ကရင်) က ဒုတိယ၊ သန့်ဇင်သူ(မွန်)က တတိယ၊ စောလုကာကျော် (မန္တလေး)က ပူးတွဲတတိယ၊ အမျိုးသမီးတစ်ဦးချင်း(ကကွက်) ပြိုင်ပွဲ ပွဲစဉ်တွင် ဝဿန်မိုး (ရန်ကုန်) က ပထမ၊ ဆုရတီထွဋ်(နေပြည်တော်)က ဒုတိယ၊ ဥမ္မာထွန်း(ရခိုင်)က တတိယ၊ အိမြတ်မွန် (မန္တလေး)က ပူးတွဲတတိယတို့ဖြင့် အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

(အမျိုးသမီး) တစ်ဦးချင်းအတိုက် (၄၉-၅၃)ကီလိုတန်း ပြိုင်ပွဲပွဲစဉ်တွင် ငိုင်ရှင်းနွမ်း(ချင်း)က ပထမ၊ မေမြတ်နိုးဦး(ရန်ကုန်)က ဒုတိယ၊ ကွမ်မြာ(ကယား)က တတိယ၊ ဌေးဌေးဇော် (ကချင်)က ပူးတွဲတတိယ၊ အမျိုးသမီး (၅၇-၆၂)ကီလိုတန်း ပြိုင်ပွဲ ပွဲစဥ်တွင် မြတ်အိန္ဒြေတင်(ရန်ကုန်)က ပထမ၊ ဟယ်လင်းထွေး(ကယား)က ဒုတိယ၊ ရေဗက္ကာနှင်း (ကရင်)က တတိယ၊ နန်းဖြူခင်(ရှမ်း)က ပူးတွဲတတိယ၊ အမျိုးသား (၆၃-၆၈) ကီလိုတန်း ပြိုင်ပွဲပွဲစဉ်တွင် လွင်မျိုးခန့်(ကယား)က ပထမ၊ စိုင်းညီငယ်ဝင်း(ရန်ကုန်)က ဒုတိယ၊ ကောင်းမြတ်သူ (မကွေး)က တတိယ၊ နေဘုန်းခန့်(မန္တလေး)က ပူးတွဲတတိယ၊ အမျိုးသမီး(၅၃-၅၇) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် ယုဇနကျော်(ကချင်)က ပထမ၊ ဇူလိုင်မို့မို့ကျော်(စစ်ကိုင်း)က ဒုတိယ၊ အိအိဖြိုး(ကယား)က တတိယ၊ ချစ်မြတ်နိုး(နေပြည်တော်)က ပူးတွဲတတိယ၊ အမျိုးသား (၈၇) အထက်ကီလိုတန်းပြိုင်ပွဲတွင် အောင်မြင့်မြတ် (ရန်ကုန်)က ပထမ၊ နေမင်းအုပ်စိုး(မန္တလေး)က ဒုတိယ၊ ဟိန်းဇေယျာကျော်(မွန်)က တတိယ၊ လင်းသူရ (နေပြည် တော်) က ပူးတွဲတတိယတို့ဖြင့် အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။

(၉.၁၁.၂၀၂၃)ရက်နေ့ နံနက် (၈)နာရီခွဲမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် Pair (ကျား+မ)အတွဲပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း ဝိတ်တန်းအလိုက် (အတိုက်)ပြိုင်ပွဲများအားဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ တိုက်ကွမ်ဒိုအားကစားနည်းကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမ ဆို အခမဲ့ (အခမဲ့)လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။