အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲနှင့် ‌ဘောလုံးသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

ပူတာအို၊ နိုဝင်ဘာ(၇)ရက်။

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပူတာအိုမြို့နယ် (အထက-ဒုတ္တန်) ကျောင်းတွင် (၇.၁၁.၂၀၂၃) ရက်နေ့၊ နံနက် (၁၀) နာရီတွင်လည်းကောင်း၊ (၆.၁၁.၂၀၂၃) ရက်နေ့ (အထက-ပူတာအို) ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် အားကစားကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်သူ၊ မြစ်ကြီးနားခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးနိုင်၊ ပူတာအိုခရိုင်အားကစားမှူး ဒေါ်ခင်မိုးသဲ၊ပူတာအိုမြို့နယ်အားကစားမှူး ဒေါ်အားတာဒွေ့နှင့် ဝန်ထမ်းများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။

အစီအစဥ်အရ ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောခြင်း၊ ညွန်ကြားရေးမှူး ဦးအောင်သူနှင့် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးနိုင်တို့က အားကစားနှင့်လူငယ်ရေးရာ သိကောင်းစရာများဟောပြောခြင်း၊ ဒေါ်ခင်မိုးသဲနှင့် ဒေါ်အားတာဒွေ့တို့က အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်၍ ပူတာအိုမြို့နယ် ဒုတ္တန်ရပ်ကွက် အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ဘောလုံးသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။