အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ၊ နိုဝင်ဘာလ(၈)ရက်။

၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၇.၁၁.၂၀၂၃)ရက်နေ့ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ပြည်‌ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးနှင့်ဇနီး ၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဆုများချီးမြှင့်ရာတွင် ဂုဏ်ပြုငွေနှင့် ဆုများ ချီးမြှင့်ရာတွင် ကြက်ခြေနီတပ်ဖွဲ့ ဂုဏ်ပြုငွေနှင့် ရေပြင်သက်ကယ်တပ်ဖွဲ့ဂုဏ်ပြုငွေများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်မှ လည်းကောင်း၊ အမျိုးသမီး (၃)တက်လှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော (ဖာပွန်မြို့နယ်၊ ဝတ်ကြီးတိုက်နယ်၊ မိဇံတိုက်နယ်)အသင်းများအား ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စီပွားရေးရာဝန်ကြီး၏ ဇနီးမှ လည်းကောင်း၊ အမျိုးသမီး (၃)တက်လှော်ပြိုင်ပွဲတွင် တတိယဆုရရှိသော (ဘားကပ်တိုက်နယ်အသင်း)နှင့် ဒုတိယဆုရရှိသော (ဂျိုင်းတိုက်နယ်အသင်း)များအား မွန်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှလည်းကောင်း၊ အမျိုးသမီး (၃)တက်လှော် ပြိုင်ပွဲတွင် ပထမဆုရရှိသော (မြဝတီမြို့နယ်)အသင်းအား ကရင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်‌ဆွေထွန်းမှလည်းကောင်း၊ အမျိုးသား(၃)တက်လှော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော (အမှတ်(၂)ရပ်ကွက်၊ ဖာပွန်မြို့နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဂျိုင်းတိုက်နယ်) အသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင်မှ လည်းကောင်း၊ အမျိုးသား (၃)တက်လှော် ပြိုင်ပွဲတွင် တတိယဆုရရှိသော (အမှတ်(၅)ရပ်ကွက်)အသင်း၊ ဒုတိယဆုရရှိသော (အမှတ်(၁)ရပ်ကွက်)အသင်း၊ ပထမဆုရရှိသော (မြဝတီမြို့နယ်)အသင်းများအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာမှလည်းကောင်း၊ အမျိုးသမီး (၅)တက်လှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော (မိဇံတိုက်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘားကပ်တိုက်နယ်)အသင်းများအား ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှလည်းကောင်း၊ အမျိုးသမီး(၅)တက်လှော် ပြိုင်ပွဲတွင် တတိယဆုရရှိသော (ကော့ကရိတ်မြို့နယ်) အသင်း၊ ဒုတိယဆုရရှိသော (ဂျိုင်းတိုက်နယ်)အသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ဇနီးမှလည်းကောင်း၊ အမျိုးသမီး (၅)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော (မြဝတီမြို့နယ်) အသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးမှလည်းကောင်း၊ အမျိုးသား (၅)တက်လှော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော (ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘားကပ်တိုက်နယ်၊ ကော့ထမ္မလိန်း)အသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုမှလည်းကောင်း၊ အမျိုးသား (၅)တက်လှော်ပြိုင်ပွဲတွင် တတိယဆုရရှိသော (အမှတ်(၁)ရပ်ကွက်)အသင်း၊ ဒုတိယဆုရရှိသော (လှိုင်းဘွဲမြို့နယ်)အသင်း၊ ပထမဆုရရှိသော (မြဝတီမြို့နယ်)အသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် မှလည်းကောင်း၊ အမျိုးသမီး (၇)တက်လှော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော (ဖာပွန်မြို့နယ်)အသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးခင်ဇော်မှလည်းကောင်း၊ အမျိုးသမီး(၇)တက်လှော် ပြိုင်ပွဲတွင် တတိယဆုရရှိသော (လှိုင်းဘွဲမြို့နယ်)အသင်း၊ ဒုတိယဆုရရှိသော (ကြာအင်းဆိပ်ကြီးမြို့နယ်)အသင်း၊ ပထမဆုရရှိသော (မြဝတီမြို့နယ်)အသင်းများအား ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးမှလည်းကောင်း၊ အမျိုးသား (၇)တက်လှော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော (ဂျိုင်းတိုက်နယ်၊ကော့ထမ္မလိန်း၊ ဘားကပ်တိုက်နယ်)အသင်းများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှလည်းကောင်း၊ အမျိုးသား (၇)တက်လှော် ပြိုင်ပွဲတွင် တတိယဆုရရှိသော (လှိုင်းဘွဲမြို့နယ်)အသင်း၊ဒုတိယဆုရရှိသော (ကြာအင်းဆိပ်ကြီးမြို့နယ်)အသင်း၊ ပထမဆုရရှိသော (မြဝတီမြို့နယ်)အသင်းများအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ လည်းကောင်း၊ အမျိုးသား နဂါးလှေအထူးသရုပ်ပြ ပြိုင်ပွဲတွင် တတိယဆုရရှိသော (ကြာအင်းဆိပ်ကြီးမြို့နယ်)အသင်း၊ ဒုတိယဆုရရှိသော(လှိုင်းဘွဲမြို့နယ်) အသင်း၊ ပထမဆုရရှိသော (မြဝတီမြို့နယ်)အသင်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင်မှလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး စုပေါင်းတံခွန်စိုက်ဒိုင်းဆုရရှိသော (မြဝတီမြို့နယ်) အသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အဘိုး ဦးမန်းငြိမ်းမောင်မှ လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။