အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ် မွန်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မော်လမြိုင်၊ နိုဝင်ဘာ ၆။

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၆ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ ချုပ်၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (သုခဝတီ)တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှု့အားပေးသည်။

ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသူများ၊ အမျိုးသား၊အမျိုးသမီး ဒုတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆုနှင့် ငွေသားဆုကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ပထမဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါ မွန်ပြည်နယ် အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ကရစ်ကက်ပြိုင်ပွဲကို နိုဝင်ဘာ၁ရက်နေ့မှ ၆ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အမျိုးသား ခရစ်ကက်အသင်း(၈)သင်းနှင့် အမျိုးသမီး ခရစ်ကက်အသင်း(၈)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။