အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင်၂၃။

အားကစားနှင့်လူငယ့်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့မှ ကြီးမှုးကျင်းပသော (၄၇) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကိုယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့မရမ်းကုန်းြမို့နယ် မင်းဓမ္မလမ်ရှိမြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဇော်ဟိန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ဆပ်ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ ဥက္ကဌ ဒေါ်မာလာဝင်းနှင့် ဆပ်ကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူများ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ အုပ်ချုပ်သူ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပါသည်။

ထိုနောက်ကာယဗလမောင်အသက်(၂၁)နှစ်အောက်ပြိုင်ပွဲ ကာယဗလမောင် ၆၀-၆၅-၇၀-၇၅ -၇၅နှစ်အထက်ပြိုင်ပွဲ Men” s Sport Physique ပြိုင်ပွဲ၊ Men’s Athletic Physique ပြိုင်ပွဲ၊ Men Fitness Physique Women s Model ပြိုင်ပွဲ၊ Women “ s Athletic Physique ပြိုင်ပွဲ၊ Women “ s Fitness Physique ပြိုင်ပွဲများကျင်းပသည်။

ဆက်လက် ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှကာယဗလမောင်နှင့်ကာယမယ်များကို ပဏာမရွေးချယ်ခဲ့ကြ၍၊ အနိုင်ရရှိသူများအား ဗိုလ်လုပွဲသို့ဆက်လက်ယှဥ်ပြိုင်စေခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ကာယဗလမောင်အသက်(၂၁)နှစ်အောက်ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများအားလည်းကောင်း၊ ကာယဗလမောင် ၆၀ကီလိုတန်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယ ရရှိသူများအား လည်းကောင်း၊ ၆၅ ကီလိုတန်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား လည်းကောင်း၊ ၇၀ ကီလိုတန်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယ နှင့်တတိယဆုရရှိသူများအားလည်းကောင်း၊ ၇၅ ကီလိုတန်းပြိုင်ပွဲ၌ ပထမ၊ ဒုတိယ နှင့်တတိယဆုရရှိသူများအားလည်းကောင်း၊ ၇၅နှစ်အထက်ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း၊ Men” s Sport Physique ပြိုင်ပွဲ၌ ပထမ၊ ဒုတိယ နှင့်တတိယဆုရရှိသူများအားလည်းကောင်း၊ Men’s Athletic Physique ပြိုင်ပွဲ၌ ပထမ၊ ဒုတိယ နှင့်တတိယဆုရရှိသူများအားလည်းကောင်း၊ Men Fitness Physique ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း၊ Women s Model ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း ၊ Women” s Athletic Physique ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှသူများအားလည်းကောင်း၊ Women “ s Fitness Physique ပြိုင်ပွဲ၌ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှုး၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေ သားဆုများကိုချီးမြှင့်ပေးကြသည်။

ထိုနောက်၂၀၂၃ ခုနှစ်(၄၇)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင်တံခွန်စိုက်ဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက တံခွန်စိုက်ဆုချီးမြှင့်ပေးသည်။