အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ ဇူလိုင် (၂၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ရှမ်းပြည်နယ် ဘတ်စကက်ဘောဆပ်ကော်မတီနှင့် မိဘဆရာအသင်းတို့ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ အပျော်တမ်း မျိုးဆက်သစ်လူငယ်များ အသက်(၁၂)နှစ်အောက်နှင့် အသက်(၁၈)နှစ်အောက် 3 x 3 ဘတ်စကက်ဘောပြိုင်ပွဲအား (၂၂.၇.၂၀၂၃)ရက်နေ့မှ (၂၃.၇.၂၀၂၃) ရက်နေ့ထိ ပြည်နယ်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီးပြိုင်ပွဲကျင်းပပေးရခြင်းရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်ဘတ်စကက်ဘောအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်လာစေရန်၊ လူငယ်လူရွယ်များ လမ်းမှားသို့မရောက်ရှိစေရေးနှင့် အားကစားပြုလုပ်ခြင်းဖြင့်နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးတို့ကိုရှေးရှု၍ ရည်ရွယ်ကျင်းပပေးရခြင်းဖြစ်ပါကြောင်းတို့ကို ပြိုင်ပွဲကျင်းပရေး တာဝန်ခံမှပြောကြားသွားပါသည်။

ဆက်လက်ပြီးဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ (၁၆း၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ခဲ့ရာ အသက်(၁၂)နှစ်အောက်ပြိုင်ပွဲတွင် တတိယဆုရရှိသွားသော Total(2)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကို ရှမ်းပြည်နယ်ဘတ်စကက်ဘောဆပ်ကော်မတီအဖွဲ့ဝင် ဦးသန့်ဇင်မှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော Total(3)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာအေးကလည်းကောင်း၊ ပထမဆုရရှိသွားသော Total(1)အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့်ဆုဖလားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ မှလည်းကောင်း၊ အသက်(၁၈)နှစ်အောက်ပြိုင်ပွဲတွင် တတိယဆုရရှိသွားသော Fairness အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကို စီးပွားရေးလုပ်ငန်းရှင် ဦးဝဏ္ဏစိုးမှလည်းကောင်း၊ ဒုတိယဆုရရှိသွားသော GG BOND အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကို တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ခေတ္တတွဲဘက်နည်းပြ(နည်းစနစ်) ဦးအောင်ပြည့်ဖြိုးမှလည်းကောင်း၊ ပထမဆုရရှိသွားသော ZERO အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့်ဆုဖလားကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ မှလည်းကောင်း ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရှိရပါသည်။

အဆိုပါပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း (၆၄)ဦးမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းသိရှိရပါသည်။