အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလားကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့် ကာယအလှမယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး၊ ဇူလိုင်လ(၁၈)ရက်။

၂၀၂၃ခုနှစ်ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ဖလား ကာယဗလမောင်၊ ကာယကြံ့ခိုင်မှုနှင့်ကာယအလှမယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကိုဇူလိုင်(၁၈)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက “ ကာယပြည့်ဖြိုးပြည့်အကျိုး” ဟူသောဆောင်ပုဒ်အတိုင်း ကိုယ်ကာယဖွံ့ဖြိုးသန်မာမှ တိုင်းပြည်အကျိုးအတွက် ထမ်းဆောင်ကူညီနိုင်မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်အတွင်းမှ လူငယ်များ ကျန်းမာကြံ့ခိုင်လာစေရန် ကိုယ်ကာယအချိုးအစား ညီညွှတ်ပြေပြစ်လာစေရန်၊ အမျိုးသားများသာမက အမျိုးသမီးများကာယ၊ ညာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အထွေထွေကျန်းမာရေးကောင်းမွန်လာစေရန်နှင့် ကာယဗလမောင်နှင့်ကာယအလှမယ်များပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီးပြည်နယ်အဆင့်ပြိုင်ပွဲမှထူးချွန်သည့်အားကစားသမားများရွေးချယ်ပြီးရန်ကုန်မြို့တွင်ကျင်းပပြုလုပ်မည့်ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲသို့ သွားရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ကာယအလှမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော အားကစားသမားများအား ငွေသားဆု ချီးမြှင့်ခြင်း၊ ကာယအလှမယ်ပြိုင်ပွဲတွင် ဆဋ္ဌမမှ ဒသမဆုရရှိသူများ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိသူများ၊ တတိယနှင့် ဒုတိယဆု ရရှိသူများကို ဆုတံဆိပ်နှင့်‌ ငွေသားဆုများ ချီးမြှင့်ပေးကြပြီး ပထမဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားဆုများ၊ သရဖူနှင့် စလွယ်ဆုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက ချီးမြှင့်ပေးကြသည်။

ထို့နောက် Men Physique ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများနှင့် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်ဥပဒေချုပ်မှ ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ Women Mode Physique ပြိုင်ပွဲတွင် စတုတ္ထ၊ ပဉ္စမဆုရရှိသူများနှင့် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၏ဇနီးနှင့် တိုင်းမှူး၏ ဇနီးတို့က ချီးမြှင့်ပေး၍လည်းကောင်း၊ (၂၁)နှစ်အောက် အမျိုးသား ကာယဗလပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော အားကစားသမားများနှင့် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၆၀)ကီလိုတန်းအမျိုးသား ကာယဗလပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၆၅)ကီလိုတန်းအမျိုးသားကာယဗလပြိုင်ပွဲတွင် စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့်‌ ငွေသားဆုများကို ပြည်နယ်လူမှုရေးဝန်ကြီးက ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ (၇၀)ကီလိုတန်းအမျိုးသား ကာယဗလပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ (၇၅)ကီလိုနှင့်အထက် အမျိုးသားပြိုင်ပွဲတွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများနှင့် ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ် ကာယဗလမောင်ရရှိသူအား ဆုတံဆိပ်၊ စလွယ်နှင့်‌ ငွေသားဆုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးကြောင်း သိရှိရသည်။