အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ခုနှစ်၊(၄၇)ကြိမ်မြောက် ပြည်နယ်နင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံခိုင်မှု အားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ဇူလိုင်(၂၂)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ကကြီးမှူးကျင်းပသည့် (၄၇)ကြိမ်မြောက်ပြည်နယ်နှင့်တိုင်းဒေသကြီးကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲကျင်းပရေးအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်၊မင်းဓမ္မလမ်းရှိ၊MCCခန်းမ၌ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး၊ယှဥ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-၁မှ ညွှန်ကြားရေးမှူးဦးခွန်ဂျာအောင်နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှဒုတိယဥက္ကဌဒေါ်ရီရီဝင်းနှင့်အမှုဆောင်များ၊ပြည်နယ်နှင့်တိုင်းဒေသကြီးမှအသင်းအုပ်ချုပ်သူများတက်ရောက်ကြသည်။

ရှေဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးမှအားကစားသမားများအချင်းချင်းချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေးနှင့်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဆင့်အတန်းတိုးတက်မြင့်မာလာစေရန်ရည်ရွယ်၍ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ပြိုင်ပွဲမကျင်းပမည် နေထိုင်စားသောက်ရေး အဆင်မပြေဖြစ်ပါက မိမိနှင့်အတူ ယှဥ်ပြိုင်လေ့ကျင့်ရေးဌာနခွဲ-၁မှ ညွှန်ကြားရေးမှူးအား ပြောကြားလို့ရပါကြောင်း၊ ကျန်းမာရေးနှင့် လုံခြုံရေး ကို အထူးဂရုစိုက်စေလိုကြောင်း၊ယခုပြိုင်ပွဲတွင်အဖက်ဖက်မှခက်ခဲမှုရှိသောကြောင့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ အင်ပြည့် အားပြည့်အပြည့်စုံဖြင့် ပါဝင်လာသောကြောင့် ပြည်နယ်မှူး၊တိုင်းမှူးနှင့်အသင်းအုပ်ချုပ်သူများအားအထူးကျေးဇူးတင်ရှိပါကြောင်း၊ အဖွဲ့ချုပ်မှပံပိုးပေးသည့်အတွက်ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍မြန်မာနိင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌဒေါ်ရီရီဝင်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဇူလိုင်လ(၂၃)ရက်နေ့တွင် ရန်ကုန်မြို့ ၊မရမ်းကုန်မြို့နယ်၊မင်းဓမ္မလမ်းရှိ MCCခန်းမ၌ နံနက်(၁၀)နာရီမှ ညနေဆုပေးပွဲအချိန်ထိ့ အမျိုးသားအသင်း(၁၅)သင်း၊အမျိုးသမီးအသင်း(၁၅)သင်းတို့ယှဥ်ပြိုင်သွားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု့အားပေးနိင်ပါကြောင်းသိရှိရသည်။