အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေလ(၁၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်နှင့်အတူ ကန်ကြီးထောင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း/အားကစားရုံများ၊ ပုသိမ်မြို့၌ အဆင့်မြင့်ရေကူးကန် တည်ဆောက်မည့်မြေနေရာနှင့် အားကစားနှင့် ကာယပညာသိပ္ပံ တည်ဆောက်မည့် မြေနေရာတို့အားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး (တိုင်းရုံး)၊ ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံခဲ့ရာ ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်မှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများ၏ ရာဇဝင်များနှင့် တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်းနှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မေ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်း အဖွဲ့အစည်းများတွင် အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အရာထမ်း/အမှုထမ်းများ၏ အစီရင်ခံတင်ပြချက်များကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများတင်ပြလိုသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကိုလည်း အကောင်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲရလဒ် အောင်မြင်မှုရရှိခြင်းက နည်းပြ/အားကစားသမားများနှင့် ဌာနစိတ်အလိုက် ဝန်ထမ်းများ၏ ပေါင်းစပ် ဆောင်ရွက်မှုကြောင့် အောင်မြင်မှုရရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လက်ရှိအောင်မြင်မှုကို ကြီးမားသော တာဝန်တရပ်အနေဖြင့် ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ မိမိတို့တာဝန်ကို […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မေ(၁၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် (၁၂.၅.၂၀၂၃)ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့်အတူ တည်ဆောက်လျက်ရှိသော အားကစားသမား အမျိုးသား/ အမျိုးသမီး အဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကောင်းစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေမှ မိမိတို့ကျောင်းရှိ နည်းပြ/အုပ်ချုပ်သူများနှင့် နှစ်အလိုက်သင်တန်းသားရွေးချယ်မှုများနှင့် အားကစားကွင်း/အားကစားရုံများ၏ တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်းနှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဧပြီ(၂၆)။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ကြီးမှူး၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်မည့် အားကစားအဖွဲ့များ၊ သက်ဆိုင်ရာဌာနခွဲအလိုက် အုပ်ချုပ်မှုအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံတွင် မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်းမှ အုပ်ချုပ်မှုအဖွဲ့(၅၅)ဦး၊ အုပ်ချုပ်သူ/နည်းပြ(၁၀၄)ဦး၊ အားကစားသမား(၃၄၁)ဦး၊ စုစုပေါင်း(၅၀၀)ဦးတို့ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အချိန်နီးကပ်လာပြီဖြစ်သောကြောင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများအနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေးနှင့်လုံခြုံရေးကို အထူးဂရုစိုက် စောင့်ရှောက်ပေးရန်လိုကြောင်း၊ အားကစားဆေးဘက်ဌာနခွဲမှသုံးစွဲရန် […]

Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh သည် ဗိုဗီနမ်အားကစားအဖွဲ့မှ နည်းပြများနှင့်အားကစားသမားများအား နှစ်သစ်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်

Loading

Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) Mr.Nguyen Binh Dinh သည် ဗိုဗီနမ်အားကစားအဖွဲ့မှ နည်းပြများနှင့်အားကစားသမားများအား နှစ်သစ်အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ် နေပြည်တော်၊ ဧပြီ(၁၈)။  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ Deputy Secretary General of World Vovinam Federation (WVVF), Deputy Secretary General of South East Asian Vovinam Federation(SEAVF) ဗီယက်နမ်နိုင်ငံမှ Mr.Nguyen Binh Dinh ၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်တာဝန်ရှိသူများသည် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ ဧပြီလ(၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) နည်းပြမွမ်းမံသင်တန်း(၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးဗလကျော်သူနှင့် ဦးသိုင်းထွန်းဇော်တို့မှ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ရာတွင် သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသား(၁)ဦးနှင့် သင်တန်းသူ(၁)ဦးတို့မှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား/သင်တန်းသူများအား ဆုများချီးမြှင့်ရာတွင် ပထမဆုရရှိသော ဒေါ်စံထားမင်း(ဝူရှူးအားကစားနည်း)၊ ဒုတိယဆုရရှိသော ဒေါ်မင်းမင်းသိမ့်(ဘတ်စကက်ဘောအားကစားနည်း)နှင့် တတိယဆုရရှိသော […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဧပြီ (၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်ဝန်ထမ်းများတွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများတွင် အထက်အကြီးအကဲများနှင့် ဝန်ထမ်းများ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး အခက်အခဲများကို ဝန်ထမ်းစည်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဝန်ထမ်းဒါဘာကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ဒါဘာတွင် တင်ပြခဲ့သည့် ဝန်ထမ်းများ၏ အခက်အခဲတင်ပြချက်များကို အကြီးအကဲများ၏ လမ်းညွှန်ချက်အတိုင်း ဖြေရှင်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒါဘာတွင် ဝန်ထမ်းများတင်ပြလိုသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ/နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခွင့်တောင်းခံခြင်းကိစ္စများ၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြား

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြား တောင်ကြီး၊ မတ် (၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန််းမြင့်ဦး ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီ) ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ တို့သည် ယနေ့ မနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ် အစည်းအဝေးခန်းမ၌ ပြည်နယ် / ခရိုင် / မြို့နယ်များ မှ အရာထမ်း / အမှုထမ်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော အရာထမ်း / အမှုထမ်း များမှ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ရာတွင် အဓိက […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး တောင်ကြီး၊ မတ် (၁၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦး‌ကျော်ကျော်သိန်း အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လည်(၁၃:၃၀) အချိန်တွင် ကလော၊ အောင်ပန်း၊ ရွှေညောင် အားကစားကွင်းရုံများအား ကြည့်ရှုခဲ့ပြီး ညနေ(၁၇:၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသ/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့်ဝန်ထမ်းများ၏ ပွဲကြည့်စင်‌အောက်ရှိ (ယာယီ) အိမ်ခန်းများနှင့်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြား‌ရေးမှူးချုပ်မှ ပအိုဝ်းဒေသ/မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနမှချမှတ်ထားသည့်မူဝါဒများ ရည်ရွယ်ချက် များအတိုင်းကျေပွန်စွာထမ်းဆောင်ရန်ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျတိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ဝန်ထမ်းလိုအပ်ချက်များကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသ/မြို့နယ် မခွဲခြားဘဲပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပြည်နယ်မှလုပ်ငန်းများလည်းဝိုင်းဝန်းကူညီရမည်ဖြစ်ကြောင်းရပ်ကွက်/ကျေးရွာ၊မြို့နယ်ပေါင်းစုံပြိုင်ပွဲများမှတဆင့် ထူးချွန်ထက်မြက်သောအားကစားသမားများပေါ်ထွက်လာစေရန်၊ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် […]

လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ

Loading

လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ နေပြည်တော်၊ မတ် (၁၂)ရက်။ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတဂေဟာတွင်ယမန်နေ့မွန်းလွဲ(၂)နာရီက မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီမှ ဉီးဆောင်၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပရာ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်များသည်တိုင်းပြည်၏ အနာဂတ်အတွက်တန်ဖိုးရှိသည့် ဘက်စုံထူးချွန်ပြီးဗလငါးတန်နှင့် ပြည့်စုံသည့်လူကောင်းလူတော်များဖြစ်လာစေရေးအတွက် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှုများ မှတ်တမ်းဗီဒီယိုအားပြသခဲ့ပါသည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မျိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင် တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး Grade(11)မှ မမေဝတီစိုးက လူငယ်နှင့်အားကစား၊ Grade(11)မှ မသန်းထိုက်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ […]