အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

UCL Season 2 (University Champion League Season 2) တက္ကသိုလ်ပေါင်းစုံ E – Sports အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၇)။

UCL Season 2 (University Champion League Season 2) တက္ကသိုလ်ပေါင်းစုံ E-Sports အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူက မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံ E-Sports အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တက္ကသိုလ်အဆင့် E-Sports အားကစားသမားများ ကမ္ဘာနှင့်အာရှအဆင့် တက္ကသိုလ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ UCL Season 2 (University Champion League Season 2) တက္ကသိုလ်ပေါင်းစုံ E-Sports အားကစားပြိုင်ပွဲကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စရပ်များအားလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အထွေထွေကိစ္စရပ်များအားလည်းကောင်း အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။