အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့၏ (၂၆.၉.၂၀၂၃)ပြိုင်ပွဲရလဒ်များ

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports (Dota-2) အားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၆)ရက်။ ၂၀၂၃ခုနှစ်၊စက်တင်ဘာလ(၂၃)ရက်နေ့မှအောက်တိုဘာ လ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်မြန်မာE-Sports(Dota-2) အားကစားအဖွဲ့မှ နည်းပြ (၁)ဦးနှင့်အမျိုးသား အားကစားသမား (၅)ဦးတို့သည် ယနေ့ ညနေ (၁၆:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၅.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၅.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ ဟန်ကျိုး၊ စက်တင်ဘာ(၂၅)။ (၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲများကို ယနေ့ နံနက် ဒေသစံတော်ချိန် (၉)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ ကျင်းပလျက်ရှိသော ဝူရှူးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မောင်စွမ်းရည်ထက်နိုင်က ထိုက်ချိချွမ်+ထိုက်ချိကျန့်ပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၁၇)ရရှိခဲ့ပြီး အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်းက တရုတ်(ဟောင်ကောင်)အသင်းကို (၁-၀)ဖြင့်အနိုင်ရရှိသွား‌ခဲ့သည်။ စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားနည်းမှ မမိုးမြင့်မြတ်(-53 Kg) ပြိုင်ပွဲနှင့် နံနက်(၁၀)နာရီအချိန်တို့တွင် ဝူးရှူးအားကစားနည်းမှ မအေးသစ္စာမြင့်တို့က နန်းချွမ်(ခေါ်)တောင်ပိုင်းလက်သိုင်းနှင့် နန်းသောင်း(ခေါ်) တောင်းပိုင်း ဓါးသိုင်းပြိုင်ပွဲအမျိုးအစားဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၄.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ (၂၄.၉.၂၀၂၃)ရက်နေ့ ပြိုင်ပွဲရလဒ်များ

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ စက်တင်ဘာလ(၂၂)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကာ ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန […]

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports အားကစားအဖွဲ့ထွက်ခွာ

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports အားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ စက်တင်ဘာလ(၂၁)ရက်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ E-Sports အားကစားအဖွဲ့သည် ဒုတိယဥက္ကဌ ဦးကောင်းမြတ်ထွန်း ခေါင်းဆောင်၍ အုပ်ချုပ်/နည်းပြ (၄)ဦးနှင့် အမျိုးသား အားကစားသမား (၆)ဦး လိုက်ပါလျက် ယနေ့ ညနေ (၁၆:၁၀)နာရီ အချိန်၌ လေယာဉ်အမှတ် MU-2032 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ သွားကြောင်းသတင်းရရှိသည်။

ပြည်မြို့ အထက(၅)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ

Loading

ပြည်မြို့ အထက(၅)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပ ပြည်၊ စက်တင်ဘာ(၂၀)။ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်းဆောင်ရွက်သော “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ” ကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ဦးစွာ အဆိုပါကျောင်း ပညာတံခွန်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ဟောပြောပွဲတွင် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြခိုင်က “ လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ဦးစီးအရာရှိ ဦးအောင်ကိုသန့်က “ လူငယ်ရေးရာ ဘက်စုံဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောဆွေးနွေးသည်။ ယင်းနောက် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အထက(၅) ကျောင်းအတွက် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး ဟောပြောပွဲတက်ရောက်လာသော ဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် […]

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ဘောလုံးအသင်းပါဝင်ယှဉ်ပြိုင်မည့် အုပ်စုပွဲစဥ်များ

Loading

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းပါဝင်ယှဉ်ပြိုင်မည့် အုပ်စုပွဲစဥ်များ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်း၏ အုပ်စုပွဲစဥ်များအဖြစ် (၂၂.၉.၂၀၂၃)ရက်နေ့တွင် တောင်ကိုရီးယားအသင်းနှင့်လည်းကောင်း၊ (၂၅.၉.၂၀၂၃)ရက်နေ့တွင် ဟောင်ကောင်အသင်းနှင့်လည်းကောင်း၊ (၂၈.၉.၂၀၂၃)ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း စုစုပေါင်း (၁၇)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၆ ရက်အထိကျင်းပမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A)တွင် အိမ်ရှင်တရုတ်၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (B) တွင် ထိုင်း၊ အိန္ဒိယ၊ တရုတ်(တိုင်ပေ)၊ အုပ်စု (C) တွင် မြောက်ကိုရီးယား၊  စင်ကာပူ၊  ကမ္ဘောဒီးယား၊  အုပ်စု (D)တွင် ဂျပန်၊ ဗီယက်နမ်၊ […]

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ

Loading

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ နေပြည်တော်၊ စက်တင်ဘာလ(၁၉)ရက်။ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဥ်တွင် မြန်မာ့လက်ရွေးစင် U-24 အသင်း (၁-၀)ဖြင့် အနိုင်ရရှိ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ Asian Games Hangzhou 2022 ပြိုင်ပွဲအဖွင့်ပွဲစဥ်တွင် မြန်မာ U-24 အသင်းနှင့် ဘင်္ဂလားဒေ့ရှ် U-24 အသင်းတို့ ယနေ့ မြန်မာစံ‌တော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားရာ မြန်မာ U-24 အသင်းက တစ်ဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။ မြန်မာ U-24 အသင်းသည် Asian Games အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ်များအဖြစ် (၂၁.၉.၂၀၂၃)ရက်နေ့ […]

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ ရန်ကုန်၊ စက်တင်ဘာ(၁၆)။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၁၃) ရက် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှုးက ဟောပြောပွဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “လူကုန်ကူးမှုအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်က “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောပေးခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ အင်အား (၁၂၀)ဦးတက်ရောက်ခဲ့ပါသည်။ ၂၀၂၃ခုနှစ် ၊ စက်တင်ဘာလ(၁၅)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၌ […]