အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို (၈.၂.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး၊ အ‌ခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ရှေးဦးစွာ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီအခြေခံအားကစားသင်တန်းများအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများသည် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားကို ဝါသနာပါလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် လေ့ကျင့်ပြီး ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများအား အခြေခံပညာကျောင်းများမှ သတ်မှတ်ထားသောစာမေးပွဲများ ဖြေဆိုပြီးသည့်အချိန်မှသာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါကြောင်း၊ ကျောင်းပိတ်ရက်များနှင့် သင်တန်းဖွင့်ရက်များ ကွာဟမသွားစေရန်အခြေခံပညာကျောင်းများ စာမေးပွဲမဖြေခင် စည်းရုံးလှုံ့ဆော်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်မည့်နေ့ရက်၊ နေရာ၊ အချိန်နှင့် အားကစားနည်းများအား ညှိနှိုင်းသတ်မှတ်နိုင်ရန် ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလ အစမှအဆုံးထိ သင်တန်းသားအင်အား လျော့သွားခြင်းမျိုး မရှိစေရေးကိုလည်း ဆရာ၊ ဆရာမများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်နယ်အားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာ အားကစားနည်းအလိုက် သတ်မှတ်နေရာများတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသွားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော အားကစားနည်းအလိုက်သင်တန်းနည်းပြဆရာများက နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး သင်တန်းဖွင့်လှစ်မည့်နေရာ၊ အားကစားနည်းများ၊ နည်းပြလိုအပ်ချက်များ၊ အားကစားအထောက်ကူပြုပစ္စည်းလိုအပ်ချက်များ သင်တန်းတက်ရောက်မည့် အင်အားစာရင်းများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး အဆိုပါသင်တန်းအား ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ တောင်ကြီးမြို့နှင့် ရွှေညောင်မြို့များတွင် အားကစားနည်း (၁၉)နည်းဖြင့် သင်တန်းကာလအား ၁.၃.၂၀၂၄ရက်နေ့မှ ၃၁.၃.၂၀၂၄ရက်နေ့ထိဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။