မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမှုဆောင်နှင့် အသင်းဝင်များ၏ ချစ်ကြည်ရေးဘော်လီဘော ပြိုင်ပွဲကျင်းပ
ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၀။
၂၀၂၄ ခုနှစ် မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမှုဆောင်နှင့် အသင်းဝင်များ၏ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ အသက်(၅၀)နှစ်အထက်အမျိုးသား၊ အသက်(၄၅)နှစ်အထက်အမျိုးသမီဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း မိုးလုံလေလုံခန်းမ၌ကျင်းခဲ့သည်။
ပြိုင်ပွဲများအပြီး ဆုပေးပွဲကိုကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့်အမျိုးသား၊ အမျိုးသမီးအကောင်းဆုံးရရှိကြသောအားကစားသမားများအား တိုင်းဒေသကြီး၀န်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ဥပဒေချုပ်၊ အတွင်းရေမှူးနှင့် မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကတံခွန်စိုက်ဆုဖလားရရှိသွားသောရန်ကုန်တိုင်းဒေသကြီး (B)အသင်းအား ငွေသားဆုနှင့် ဆုဖလားချီးမြှင့်သည်။
ယင်းပြိုင်ပွဲကို မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားအသင်းကိုးသင်း၊ အမျိုးသမီးအသင်းလေးသင်းတို့သည် ဖေဖေါ်ဝါရီ ၈ ရက်မှ၁၀ရက် ထိကျင်းပခဲ့ကြောင်းသိရသည်။



