အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲ ချန်ပီယံရှစ် (lnter Club Badminton Championship 2024)ပြိုင်ပွဲဗိုလ်ပွဲပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၂။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ် ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲချန်ပီယံရှစ် (lnter Club Badminton Championship 2024) ပြိုင်ပွဲ ဗိုလ်ပွဲပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယ‌နေ့မွန်းလွဲ၁နာရီက ရန်ကုန်မြို့လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင်အားကစားခန်းမ၌ကျင်းပသည်။

ဗိုလ်လုပွဲပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမဆုရ Aung(A)အသင်း၊ ဒုတိယဆုရ HPPအသင်း၊ ပူးတွဲတတိယဆုရ Champion(A)အသင်းနှင့် Aung(B)အသင်းတို့အား ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌ၊လူမှု‌ရေးရာ၀န်ကြီး ဦး‌ဌေးအောင် ၊ မြန်မာနိုင်ငံကြက်‌တောင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး‌အောင်ပိုင်၊ တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ကျော်မင်းသန်းနှင့် တာ၀န်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများ‌ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းပြိုင်ပွဲကို‌ ဖေဖော်ဝါရီ ၉ရက်မှ ၁၂ရက်ထိ ပွဲစဉ်‌ပေါင်း ၂၈ပွဲ၊ အသင်းရှစ်သင်း၊ ကလပ်များမှ အားကစားသမား ၁၆၀ ခန့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။