အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၆၂)ကြိမ်မြောက် ၊ အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၁၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ လမ်းညွှန်မူဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် Myan Shwe Pyi Tractors Limited တို့ပူးပေါင်းကျင်းပပြုလုပ်သည့် (၆၂)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းရှိ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၌ကျင်းပခဲ့သည်။

ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်းက အမျိုးသားတစ်ဦးချင်းအလွတ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိကြသူများအား ဆုများကို ပေးအပ်ချီးမြှင့်၍လည်ကောင်း၊ ဒုတိယဥက္ကဌ ဦးမြတ်သူက အမျိုးသမီးတစ်ဦးချင်း အလွှတ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိကြသူများအား ဆုများချီးမြှင့်၍လည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနဲ့ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အမျိုးသား အသက်(၁၆)နှစ်အောက် တစ်ဦးချင်းစက်ဘီးစီပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ ၊ တတိယ ၊ စတုတ္ထနှင့် ပဉ္စမဆု ရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်၍လည်ကောင်း ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှအလုပ်အမူဆောင်များက ပြိုင်ပွဲဝင်ပြိုင်ခဲ့ကြသည့် အားကစားသမားများအား ဇွဲဆုများ အသီးသီးပေး‌အပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲကို ဖေဖေါ်ဝါရီလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် အားကစား အမျိုးသား(၅၅)ဦး ၊ အမျိုးသမီး(၅)ဦး ၊ စုစုပေါင်း(၆၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။