အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပ

ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

လူငယ်ရေးရာဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ကြာကန်ကျေးရွာ အ.မ.က ကြာကန်၌ (၈.၂.၂၀၂၄)ရက်နေ့ နံနက်(၉:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကြာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်က “ လူငယ်နှင့်အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူးဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်)က “ အားကစားပြုလုပ်ခြင်း၏အကျိုးကျေးဇူးများ” ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်)နှင့် အဖွဲ့က Physical Fitness Dance အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီးကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို နံနက်(၁၁:၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

(၈.၂.၂၀၂၄)ရက်နေ့ နံနက်၁၀:၀၀နာရီ အချိန်တွင် သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁၈) မူလတန်းလွန်ကျောင်း သာကေတတွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ၁၀ မြောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၀င်များ ၊ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများ၊ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ၂ ဦးညွန့်ဝေမှ အဖွင့်အမှာစကားပြောကြား၍ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူမှ အားကစားအသိပညာပေး ဟောပြောခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန်နှင့် လူငယ်ရေးရာအခန်းကဏ္ဍအား ဟောပြောခြင်း၊ တက်ရောက်သော ကျောင်းသား/သူများအား အားကစားအသိပညာများမေးမြန်း၍ ဆုချီးမြှင့်ခြင်းများဆောင်ရွက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးညွန့်၀င်းမှ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး မြို့နယ်အားကစားမှူး ဒေါ်ခင်ကောင်းစံမှ ၊ အားကာသိပ္ပံ အကြောင်းဟောပြောကာ၊ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများနှင့်အတူ Fitness Dance Exercises များဆောင်ရွက်ခဲ့ပါသည်။