အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ
ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၈ ရက်။
၂၀၂၄ ခုနှစ်၊ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့မှ(၁၈)ရက်နေ့အထိ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်မည့် အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ခရစ်ကက်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ/နည်းပြ(၃)ဦး၊ အားကစားသမား(၁၄)ဦး ၊ စုစုပေါင်း(၁၇) ဦးတို့သည် ယနေ့နံနက် ၆နာရီ ၄၅ မိနစ်အချိန်က လေယာဥ်အမှတ် 8M 501ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွာလာလမ်ပူမြို့သို့ထွက်ခွာသွားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၁၆)နိုင်ငံ ၊ (၄)သင်း တစ်အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းမှာ A GROUP မှ ထိုင်းနိုင်ငံ ၊ ကူဝိတ်နိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့နှင့်အတူ အုပ်စုကြခဲ့ကြောင်းသိရှိရသည်။

