အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်အတွင်းရှိ ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းနိုင်ရေးကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်လူမှုရေးရာဝန်ကြီး မှ အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) ၊ အာရှဘောလုံးအဖွဲ့ချုပ်(AFC)နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်အညီ ဘောလုံးအားကစားကျွမ်းကျင်ပညာရှင်များ ၊ ဌာနဆိုင်ရာအဖွဲ့အစည်းပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စည်းမျဥ်း/စည်းကမ်းများအရ ဖွဲ့စည်းဆောင်ရွက်သွားရန်၊ ယခုရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းရာတွင် ပြည်နယ်အခြေစိုက်ရာ ရှမ်းပြည်နယ်(တောင်ပိုင်း)အား အမာခံထားရှိပြီး ရှမ်းအရှေ့ ၊ ရှမ်းမြောက်တို့ပါ ပါဝင်ဖွဲ့စည်းနိုင်ရေးအတွက် ရေးဆွဲသွားရန် ၊ ရှမ်းပြည်နယ်အနေဖြင့် ဘောလုံးအားကစားနည်းမှ မဟုတ်ဘဲ ကျန်အားကစားနည်းများအလိုက် ဆပ်ကော်မတီများပါ ဖွဲ့စည်းသွားရန် ၊ ဘောလုံးကျွမ်းကျင်ပညာရှင်များ (၅)နေရာကိုလည်း ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီမှ အတည်ပြုတင်ပြသွားရန်၊ မြို့မိမြို့ဖများကိုလည်း စိစစ်ရွေးချယ်အတည်ပြုတင်ပြသွားရန် အစရှိသည်များကို ပြောကြားသွားကာ ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဖွဲ့စည်းရခြင်းရည်ရွယ်ချက်မှာ ပြည်နယ်အတွင်းမှာရှိတဲ့ ရွက်ပုန်းသီးမျိုးဆက်သစ်ဘောလုံးအားကစားသမားများပေါ်ထွက်လာနိုင်ရေးနှင့် မြို့နယ်နှင့်ကျေးရွာများပါမကျန် ကွင်းဆင်းလှုပ်ရှားဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောကြားသွားကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။