သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်း အခမ်းအနားကျင်းပ

သာကေတမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်း အခမ်းအနားကျင်းပ ရန်ကုန်၊ သြဂုတ်လ ၈။ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ယနေ့နံနက်(၁၀)နာရီအချိန် ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ပြည့်ဖြိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၂ ဦးညွန့်ဝေ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများတက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ သာကေတမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူ ကဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်ခင်ကောင်းစံက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မို့မို့လွင် မှ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား အ.ထ.က၂ ကျောင်းအုပ်ကြီး ဦးစောသက်ဇေအောင် မှလက်ခံ၍ ကျေးဇူးတင်စကား […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံ နေပြည်တော် ဩဂုတ် ၈ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား၊ လူငယ်ဖိုရမ်နှင့် လူငယ်လေ့လာရေးခရီးစဉ်များသို့ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ နေပြည်တော်ကိုယ်စားပြု တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် လူငယ် များအနေဖြင့် မိမိတို့ လေ့လာသိရှိမှတ်သားထားသည့်အချက်များ၊ အတွေ့အကြုံများ၊ ဗဟုသုတ များကို အကောင်းဆုံးတင်ပြဆွေးနွေးကြဖို့ လိုအပ်ကြောင်း၊ […]
၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲနှင့်ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဩဂုတ် ၈ ။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲကို နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် ဗိုလ်လုပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပ ခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား) တတိယလုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Asean Sports Day 2024 အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ Asean Sports Day 2024 အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ တက်ရောက် နေပြည်တော်၊ ဩဂုတ် ၈။ ASEAN Sports Day အထိမ်းအမှတ် လမ်းလျှောက်ပွဲနှင့် အပြေးအားကစားပြိုင်ပွဲများကို ယနေ့နံနက် (၇) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) နှင့် လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp) မှ အားကစားသမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပြေးလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲ ခဲ့သည်။ ထို့နောက် ပြေးခုန်ပစ် အပြေးအားကစားပြိုင်ပွဲများအဖြစ် အမျိုးသား/အမျိုးသမီး (မီတာ […]
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့တက်ရောက်

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့တက်ရောက် နေပြည်တော်၊ ဩဂုတ် ၇။ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်မှန်ကန်စေရေးနှင့် နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ တို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ CAE ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ CAE ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီးနောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်လူရွယ်ဆိုသည်မှာ အပြစ်ကင်းစင်၍ တက်ကြွသူများဖြစ်ကြပြီး အရောင်များဖြင့်တင်စားရပါက အဖြူရောင်နှင့် တူကြောင်း၊ အဖြူရောင်၏သဘာဝသည် အစွန်းအထင်းမခံ၍ အကိုင်အတွယ်မတတ်လျှင် ညစ်ပေ လွယ်ပါကြောင်း၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝမှသာ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို […]
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရန်ကုန်၊ ဩဂုတ် ၇။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်၊ အမှတ်(၈၉)ရပ်ကွက်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် အားကစား နှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျောင်းသား/သူ(၂၀၀)ဦးဖြင့် ကျင်းပခဲ့ပါသည်။ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဇာခြည်စိုးငြိမ်းက အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ အားကစားနှင့်ပက်သက်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်၊ လူငယ်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေး ဦးဌေးလင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်တို့က လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အမှတ် (၂၇) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးသန့်က ယာဉ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က […]
၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဩဂုတ် ၆ ။ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ကျင်းပ ခဲ့သည်။ ယနေ့ ဘောလုံး(အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင် နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင် ပြည်နယ်အသင်းက နေပြည်တော်အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း […]
ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်း

ရှေ့တန်းရောက် တပ်မတော်သားများနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်း မိသားစုများ ချက်ပြုတ်ကြော်လှော် ပြင်ဆင်ထားသည့် စားသောက်ဖွယ်ရာများအား ပေးပို့လှူဒါန်း နေပြည်တော်၊ ဩဂုတ် ၆ ။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် စွမ်းစွမ်းတမံနှင့် တရားသောစစ် အောင်မြင်စေရေးအတွက် ကိုယ်ကျိုးစွန့်ကာ ပြည်သူလူထု၏ အသက် အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးနေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ မေတ္တာ၊ စေတနာများ အပြည့်နှင့် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများကို ယမန်နေ့နံနက်ပိုင်းက ဝန်ထမ်းများ ကိုယ်တိုင် ပြင်ဆင်၊ ချက်ပြုတ် ကြော်လှော်နေမှုများနှင့် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး အတွက် ပြင်ဆင်ထုပ်ပိုးနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက […]
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကျင်းပ

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲ၊ အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားများကျင်းပ တောင်ကြီး၊ ဩဂုတ် ၈ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ၁၂.၈.၂၀၂၄ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် အမျိုးသား / အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် အခြေခံပညာအဆင့် ဘင်ခရာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး […]
ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ

ရပ်စောက်မြို့နယ်တွင် လူငယ်ရေးရာအသိပညာဟောပြောပွဲ ကျင်းပ ရပ်စောက် ၊ သြဂုတ် (၆)ရက်။ ရပ်စောက်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နောင်ခမ်း ခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံး၊ ဒုဦးစီး(ကာယ) ဆရာမ ဒေါ်အမာကြူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်အားကစား ဖွံ့ဖြိုးရေး၊ အားကစားစနစ်တကျဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေးဆိုင်ရာများကိုလည်းကောင်း၊ ဆက်လက်၍ အားကစားအမေးအဖြေကဏ္ဍ ကျင်းပရာ အဖြေမှန်သူများကို အားကစားအမှတ်တရလက်ဆောင် အင်္ကျီများပေးအပ်ခဲ့ခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းမှ စာဖတ်ချိန်မြှင့်တင်ရေးခေါင်းစဥ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဆက်လက်၍ အမေးအဖြေကဏ္ဍ ကျင်းပရာ အဖြေမှန်သူများကို အမှတ်တရ လက်ဆောင် များပေးအပ်ခဲ့ပါသည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသားကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်းခြင်း၊ […]