အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့်နေသော အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေး၍ ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်

ရန်ကုန်၊ မေလ (၂၉)ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ယနေ့နံနက် (၈ :၃၀) နာရီအချိန်တွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ Synthetic ပြေးလမ်းပါ ဘောလုံး လေ့ကျင့်ရေး ကွင်း(၁)၌ ပြေးခုန်ပစ်ပြေးလမ်းပြင်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး၍ ISPE FC ဘောလုံး အသင်းနှင့် Dagon Port FC ဘောလုံး အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားနေမှုများကို ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝူရှူးအားကစားလေ့ကျင့်ရေးရုံတွင် ပဏာမ လက်ရွေးစင် ဝူရှူးအားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုများကိုလည်းကောင်း၊ ခြင်းလုံး လေ့ကျင့်ရေးရုံတွင် ပဏာမလက်ရွေးစင် ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများကို လည်းကောင်း၊ ကရာတေးလေ့ကျင့်ရေးရုံတွင် ပဏာမလက်ရွေးစင် ကရာတေးအားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး အုပ်ချုပ်သူ/နည်းပြများအား လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လူငယ်အားကစားလေ့ကျင့်ရေးစခန်း(သုဝဏ္ဏ)ရှိ ပိုက်ကျော်ြခင်း အားကစားရုံသို့ ရောက်ရှိ၍ ပဏာမလက်ရွေးစင်ပိုက်ကျော်ခြင်း အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှုများကိုလည်းကောင်း၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ စခန်းဝင် လေ့ကျင့်နေသော ပဏာမလက်ရွေးစင် ဘိလိယက်နှင့်စနူကာ အားကစားသမားများ လေ့ကျင့်နေမှု များကို ကြည့်ရှုအားပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံကွင်းအတွင်းရှိ ပဏာမလက်ရွေးစင် အားကစားသမားများထားရှိရာ (၄)ထပ်အိပ်ဆောင်ရှိ စားရိပ်သာ၌ ပဏာမလက်ရွေးစင် အားကစား သမားများအား (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုဆုတံဆိပ်များ ရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အကောင်းဆုံးကြိုးစားကြရန်၊ အခက်အခဲရှိပါကတာဝန်ရှိသူများအား ချက်ချင်းတင်ပြကြရန်၊ မိမိနိုင်ငံ နှင့် လူမျိုးအတွက် အားကစားဖြင့်မြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားကြရန်မှာကြားခဲ့ပြီး ပဏာမ လက်ရွေးစင်အားကစားသမားများနှင့် အတူ ရင်းရင်းနှီးနှီးနေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိပုဂ္ဂိုလ် များသည် ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပသော ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်လှေလှော် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဗိုလ်လုပွဲစဉ်များအဖြစ် မီတာ(၂၀၀)ပြိုင်ပွဲတွင်အမျိုးသား (၁၀)တက်လှေပြိုင်ပွဲ၊ အမျိုးသမီး (၁၀)တက်လှေပြိုင်ပွဲ၊ အမျိုးသမီး+အမျိုးသား(၁၀)တက်လှေပြိုင်ပွဲ ၊အမျိုးသမီး+အမျိုးသား (၂၀)တက်လှေပြိုင်ပွဲ တို့ အား ကြည့်ရှုအားပေးခဲ့ပါသည်။ယင်းနောက် ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း က အမျိုးသမီး မီတာ(၅၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော မွန်ပြည်နယ်အသင်း တို့အား လည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း က အမျိုးသားမီတာ(၅၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း တို့အားလည်းကောင်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်အတွင်းရေးမှူး ဦးသက်လွင် က အမျိုးသမီး+အမျိုးသားမီတာ(၅၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး က အမျိုးသမီး+ အမျိုးသားမီတာ(၅၀၀) (၂၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း တို့အားလည်းကောင်းဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးခင်မောင်ကြည် က အမျိုးသမီးမီတာ(၂၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း ၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း က အမျိုးသား မီတာ(၂၀၀) (၁၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသောရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆု ရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်း တို့အား လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီးမြို့တော်ဝန်ဦးဗိုလ်ဌေး က အမျိုးသမီး+ အမျိုးသား မီတာ(၂၀၀) (၁၀)တက်လှော် ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီး အသင်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အမျိုးသမီး+အမျိုးသား မီတာ(၂၀၀) (၂၀)တက်လှော်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်း တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း က အမျိုးသမီး တံခွန်စိုက်ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီး အသင်း အား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ပြည့်စုံလင်း က အမျိုးသားတံခွန်စိုက်ဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်း အား တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း က စုပေါင်းတံခွန်စိုက်ဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီး အသင်းအား တံခွန်စိုက်ဆုဖလားကိုပေးအပ်ချီးမြှင့်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်းသိရှိရသည်။