အားကစားရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ မတ် (၁၀)ရက်။ ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၆)ကြိမ်မြောက် အာရှ ရုံတွင်းကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (2nd Coordination  Committee meeting  of  the  6th Asian Indoor and Martial Art Games )သို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး  အားကစားနှင့်ကာယပညာဦးစီးဌာန  ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယနေ့ည (၇)နာရီအချိန်တွင် […]

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး တောင်ကြီး၊ မတ် (၁၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦး‌ကျော်ကျော်သိန်း အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လည်(၁၃:၃၀) အချိန်တွင် ကလော၊ အောင်ပန်း၊ ရွှေညောင် အားကစားကွင်းရုံများအား ကြည့်ရှုခဲ့ပြီး ညနေ(၁၇:၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသ/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့်ဝန်ထမ်းများ၏ ပွဲကြည့်စင်‌အောက်ရှိ (ယာယီ) အိမ်ခန်းများနှင့်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြား‌ရေးမှူးချုပ်မှ ပအိုဝ်းဒေသ/မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနမှချမှတ်ထားသည့်မူဝါဒများ ရည်ရွယ်ချက် များအတိုင်းကျေပွန်စွာထမ်းဆောင်ရန်ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျတိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ဝန်ထမ်းလိုအပ်ချက်များကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသ/မြို့နယ် မခွဲခြားဘဲပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပြည်နယ်မှလုပ်ငန်းများလည်းဝိုင်းဝန်းကူညီရမည်ဖြစ်ကြောင်းရပ်ကွက်/ကျေးရွာ၊မြို့နယ်ပေါင်းစုံပြိုင်ပွဲများမှတဆင့် ထူးချွန်ထက်မြက်သောအားကစားသမားများပေါ်ထွက်လာစေရန်၊ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် […]

လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ

Loading

လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ နေပြည်တော်၊ မတ် (၁၂)ရက်။ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတဂေဟာတွင်ယမန်နေ့မွန်းလွဲ(၂)နာရီက မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီမှ ဉီးဆောင်၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပရာ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်များသည်တိုင်းပြည်၏ အနာဂတ်အတွက်တန်ဖိုးရှိသည့် ဘက်စုံထူးချွန်ပြီးဗလငါးတန်နှင့် ပြည့်စုံသည့်လူကောင်းလူတော်များဖြစ်လာစေရေးအတွက် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှုများ မှတ်တမ်းဗီဒီယိုအားပြသခဲ့ပါသည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မျိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင် တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး Grade(11)မှ မမေဝတီစိုးက လူငယ်နှင့်အားကစား၊ Grade(11)မှ မသန်းထိုက်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ […]

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ

Loading

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ ရန်ကုန်၊ မတ်(၁၀)ရက်။ 19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်ကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ OCA Media Manager Mr. Zhou Jian […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်တည်ဆောက်နေမှု အခြေအနေများနှင့် ရေကူးကန်များအားလိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်တည်ဆောက်နေမှု အခြေအနေများနှင့် ရေကူးကန်များအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင်တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း အရည်အသွေးကောင်းမွန်၍ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျန်းမာရေးသည် အဓိကအရေးကြီးသည့်အတွက် အားကစားသမားများ၏ ကျန်းမာရေးနှင့် သွားလာ၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများအား အထူး ဂရုစိုက်ပေးကြရန်နှင့် ပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် လိုအပ်သည်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ […]

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ Press Conference ကျင်းပ

Loading

19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ Press Conference ကျင်းပ ရန်ကုန်၊ မတ်(၉)။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou မြို့ တွင် ကျင်းပပြုလုပ်မည့် 19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် Olympic Council of Asia မှ ကြီးမှူး၍ ASIAN Games Fun Run ပြိုင်ပွဲအား အာရှဒေသတွင်း နိုင်ငံအသီးသီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၀.၃.၂၀၂၃ ရက်နေ့၌ ကျင်းပမည်ဖြစ်သည့်အတွက် အဆိုပါ Fun Run နှင့်စပ်လျဉ်းသည့် Press […]

ခြင်းလုံးအားကစားနည်းဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

ခြင်းလုံးအားကစားနည်းဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ မတ်(၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှ ခြင်းလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံး အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ သင်တန်းဆင်းပွဲတွင် အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim […]

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ မတ်(၇)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ ယနေ့ နေ့လယ်(၁၂)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်တွေ့ခန်းမဆောင်၌ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့သည်။ ဦးစွာ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr.Dato Abdul Halim Bin Kader မှ […]

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၃) ကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ နေပြည်တော်၊ မတ်(၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ဒုတိယဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက Online စနစ်ဖြင့် တက်ရောက်ကြသည်။ ဦးစွာမြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဖွံ့ဖြိုး ရေးဆိုင်ရာကဏ္ဍ(၁၆)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဝန်ကြီး ဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ နိုင်ငံတော်၏ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက် နေပြည်တော်၊ မတ်(၆)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့် အာရှခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခြင်းလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း  Gold Camp ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အာရှခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ Mr. Dato Abdul Halim Bin Kader ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ သင်တန်းတက်ရောက်လာကြသည့် Malaysia၊ Singapore၊ Indonesia၊ Philippines၊ Thailand၊ Cambodia၊ […]