စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
![]()
စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီတွင် နေပြည်တော်၊ စစ်မှုထမ်းဟောင်းကြီးကြပ်မှုအဖွဲ့ရုံး၊ ပုဗ္ဗသီရိမြို့နယ်၌ ကျင်းပခဲ့သည်။ အခမ်းအနား၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ်(၁၀)ရပ်တွင် ပါရှိသည့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် လေ့ကျင့်ပြုစုမွေးထုတ်ပေးရေးစီမံကိန်းအရ လုပ်ငန်းခွင်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လက်တွေ့လုပ်ငန်းနယ်ပယ်တို့ ဆက်စပ်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်ပြီး ယခု အသက်မွေးဝမ်းကျောင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်ရေးရာဦးစီးဌာန၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လူငယ်များအလုပ် အကိုင်ရရှိရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် အမှန်တကယ် အလုပ်အကိုင် ဝင်ငွေရရှိစေမည့် အသက်မွေးဝမ်းကျောင်းနည်းပညာပေး (ကာလတို) သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် အစည်းအဝေး (SEAGF Office Meeting)တက်ရောက်
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ် အစည်းအဝေး (SEAGF Office Meeting)တက်ရောက် နေပြည်တော်၊ မတ် (၁၂)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ The Grand Fourwings Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အစည်းအဝေး (SEAGF Office Meeting) သို့ အရှေ့တောင်အာရှ အဖွဲ့ဝင်(၁၁) နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။ဦးစွာအစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ၂၀၂၁ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြား
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြား တောင်ကြီး၊ မတ် (၁၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန််းမြင့်ဦး ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီ) ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ တို့သည် ယနေ့ မနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ် အစည်းအဝေးခန်းမ၌ ပြည်နယ် / ခရိုင် / မြို့နယ်များ မှ အရာထမ်း / အမှုထမ်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော အရာထမ်း / အမှုထမ်း များမှ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ရာတွင် အဓိက […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ထိုင်းနိုင်ငံ အိုလံပစ်အမျိုးသားကော်မတီ (NOCT) Deputy Secretary General၊ Modern Pentathlon Association of Thailand ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Apiwat Srivardhana နှင့်တွေ့ဆုံဆွေးနွေး
![]()
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ထိုင်းနိုင်ငံ အိုလံပစ်အမျိုးသားကော်မတီ (NOCT) Deputy Secretary General၊ Modern Pentathlon Association of Thailand ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Apiwat Srivardhana နှင့်တွေ့ဆုံဆွေးနွေး နေပြည်တော်၊ မတ် (၁၂)ရက်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယမန်နေ့နေ့လည်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ The Grand Fourwings Hotel ဧည့်ခန်းမဆောင်၌ ၂၀၂၃ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် UIPM 2023 […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ
![]()
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆)ကြိမ်မြောက် အာရှရုံတွင်း ကိုယ်ခံပညာ အားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန်၊ မတ် (၁၀)ရက်။ ၂၀၂၃ခုနှစ်၊ မတ်လ(၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၆)ကြိမ်မြောက် အာရှ ရုံတွင်းကိုယ်ခံပညာအားကစားပြိုင်ပွဲ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး (2nd Coordination Committee meeting of the 6th Asian Indoor and Martial Art Games )သို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် တို့သည် ယနေ့ည (၇)နာရီအချိန်တွင် […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး
![]()
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး တောင်ကြီး၊ မတ် (၁၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လည်(၁၃:၃၀) အချိန်တွင် ကလော၊ အောင်ပန်း၊ ရွှေညောင် အားကစားကွင်းရုံများအား ကြည့်ရှုခဲ့ပြီး ညနေ(၁၇:၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသ/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့်ဝန်ထမ်းများ၏ ပွဲကြည့်စင်အောက်ရှိ (ယာယီ) အိမ်ခန်းများနှင့်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ ပအိုဝ်းဒေသ/မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနမှချမှတ်ထားသည့်မူဝါဒများ ရည်ရွယ်ချက် များအတိုင်းကျေပွန်စွာထမ်းဆောင်ရန်ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျတိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ဝန်ထမ်းလိုအပ်ချက်များကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသ/မြို့နယ် မခွဲခြားဘဲပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပြည်နယ်မှလုပ်ငန်းများလည်းဝိုင်းဝန်းကူညီရမည်ဖြစ်ကြောင်းရပ်ကွက်/ကျေးရွာ၊မြို့နယ်ပေါင်းစုံပြိုင်ပွဲများမှတဆင့် ထူးချွန်ထက်မြက်သောအားကစားသမားများပေါ်ထွက်လာစေရန်၊ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် […]
လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ
![]()
လယ်ဝေးမြို့နယ် စမတောင် မဟာပရဟိတဂေဟာတွင် လူငယ်စကားဝိုင်းကျင်းပ နေပြည်တော်၊ မတ် (၁၂)ရက်။ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ စမတောင်မဟာပရဟိတဂေဟာတွင်ယမန်နေ့မွန်းလွဲ(၂)နာရီက မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီမှ ဉီးဆောင်၍ လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပရာ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက လူငယ်များသည်တိုင်းပြည်၏ အနာဂတ်အတွက်တန်ဖိုးရှိသည့် ဘက်စုံထူးချွန်ပြီးဗလငါးတန်နှင့် ပြည့်စုံသည့်လူကောင်းလူတော်များဖြစ်လာစေရေးအတွက် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်နေမှုများ မှတ်တမ်းဗီဒီယိုအားပြသခဲ့ပါသည်။ ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်အောင်မျိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင် တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး Grade(11)မှ မမေဝတီစိုးက လူငယ်နှင့်အားကစား၊ Grade(11)မှ မသန်းထိုက်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ […]
19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ
![]()
19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပ ရန်ကုန်၊ မတ်(၁၀)ရက်။ 19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြေးခုန်ပစ်ကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Peng Fong၊ အားကစား နှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ OCA Media Manager Mr. Zhou Jian […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်တည်ဆောက်နေမှု အခြေအနေများနှင့် ရေကူးကန်များအားလိုက်လံကြည့်ရှုစစ်ဆေး
![]()
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ရုံ၊ ပွဲကြည့်စင်နှင့်အိပ်ဆောင်တည်ဆောက်နေမှု အခြေအနေများနှင့် ရေကူးကန်များအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေတို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ သွားရောက်၍ (၆)ခန်းတွဲ (၄)ထပ်အိပ်ဆောင်တည်ဆောက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း အရည်အသွေးကောင်းမွန်၍ သတ်မှတ်ကာလအတွင်း အချိန်မှီ ပြီးစီးစေရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် လှေလှော်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျန်းမာရေးသည် အဓိကအရေးကြီးသည့်အတွက် အားကစားသမားများ၏ ကျန်းမာရေးနှင့် သွားလာ၊ နေထိုင်၊ စားသောက်၊ လေ့ကျင့်မှုများအား အထူး ဂရုစိုက်ပေးကြရန်နှင့် ပြိုင်ပွဲများတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိအောင် လိုအပ်သည်များအား ဖြည့်ဆည်းပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ […]
19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ Press Conference ကျင်းပ
![]()
19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် မြန်မာနိုင်ငံ၌ ASIAN Games Fun Run ပြိုင်ပွဲကျင်းပရေးနှင့်စပ်လျဉ်း၍ Press Conference ကျင်းပ ရန်ကုန်၊ မတ်(၉)။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ (၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hangzhou မြို့ တွင် ကျင်းပပြုလုပ်မည့် 19th ASIAN Games ပြိုင်ပွဲ Promotion အနေဖြင့် Olympic Council of Asia မှ ကြီးမှူး၍ ASIAN Games Fun Run ပြိုင်ပွဲအား အာရှဒေသတွင်း နိုင်ငံအသီးသီး၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတွင်လည်း ၁၀.၃.၂၀၂၃ ရက်နေ့၌ ကျင်းပမည်ဖြစ်သည့်အတွက် အဆိုပါ Fun Run နှင့်စပ်လျဉ်းသည့် Press […]