အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲတွင် အောင်ပွဲရ ရှမ်းပြည်နယ် ဖူဆယ်(အမျိုးသား/အမျိုးသမီး) အသင်းအားကြိုဆို

တောင်ကြီး၊ ဇူလိုင်လ(၁)ရက်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီးပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ရှမ်းပြည်နယ်မှ အမျိုးသမီး ပထမ၊ အမျိုးသား ဒုတိယဆုဆုရရှိသဖြင့် သြဂုတ်လ(၁)ရက်နေ့၊ နေ့လည် (၁၄:၀၀) အချိန်တွင် ပြည်နယ်ရုံးရှေ့၌ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲကို ဇူလိုင်(၂၄)ရက်နေ့မှ စတင်၍ ဇူလိုင်(၃၁)ရက်နေ့ထိ အမျိုးသား ပြိုင်ပွဲဝင် အသင်း(၁၅)သင်း၊ အမျိုးသမီး ပြိုင်ပွဲဝင်အသင်း (၁၁)သင်းဖြင့် ကျင်းပခဲ့ရာ ရှမ်းပြည်နယ် အမျိုးသမီးဖူဆယ်အသင်းက ဗိုလ်လုပွဲတွင် ပဲခူးတိုင်းဒေသကြီးဖူဆယ်အမျိုးသမီးအသင်းကို (၆) ဂိုး၊ (၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိ ဗိုလ်စွဲခဲ့ပြီး၊ ရှမ်းပြည်နယ် အမျိုးသားဖူဆယ်အသင်းက ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားဖူဆယ်အသင်းကို (၂) ဂိုး၊ (၄)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့၍ ဒုတိယဖြင့်သာကျေနပ်ခဲ့ရကြောင်း သိရှိရပါသည်။

အဆိုပါကြိုဆိုပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား / ကျောင်းသူများ ၊ အားကစားသမားများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။