အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ၊ ဩဂုတ် (၄)။

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားအား ၄.၈၂၀၂၃ ၊ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ (လှာကမြင်)ဇွဲကပင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကြက်ခြေနီတပ်ဖွဲ့ဂုဏ်ပြုငွေအား ကရင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်မှလည်းကောင်း၊ဆက်လက်၍ အားကစားနည်းအလိုက် ဆုရအားကစားသမားများအား ဆုချီးမြှင့်ကြရာ အမျိုးသမီး မီတာ (၁၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ပြေးခုန်ပစ်ဆပ်ကော်မတီဝင် ဒေါ်ကြည်ကြည်ဦးမှလည်ကောင်း၊ အမျိုးသမီး မီတာ (၄၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ရ/သုံး ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်လည်းကောင်း၊ အမျိုးသမီး မီတာ (၁၅၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ် ပြည်နယ်ဥပဒေချုပ် ၏ဇနီးမှလည်းကောင်း၊ အမျိုးသမီး မီတာ (၃၀၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၏ဇနီးမှလည်းကောင်း၊ အမျိုးသမီး (အလျားခုန် ) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၏ဇနီး မှလည်းကောင်း၊ အမျိုးသမီး (လှံတံပစ် )ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကိုကရင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၏ဇနီးမှလည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ပါသည်။

အမျိုးသား မီတာ (၁၀၀) ပြိုင်ပွဲတွင် ဆုရရှိသောကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ပြေးခုန်ပစ်ဆပ်ကော်မတီဥက္ကဌ၊ ပြည်နယ်ပညာရေးမှူး ဦးစသိန်းကျော် မှလည်းကောင်း၊ အမျိုးသား မီတာ (၄၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစား သမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး မှလည်းကောင်း၊အမျိုးသား မီတာ (၁၅၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင် မှလည်းကောင်း၊ အမျိုးသား မီတာ (၁၀၀၀၀) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးလွင် မှလည်းကောင်း၊ အမျိုးသား ကျား (အလျားခုန်) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကိုကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း မှလည်းကောင်း၊ အမျိုးသား ကျား(လှံတံပစ်) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကစားသမားများအား လည်ဆွဲနှင့်ချီးမြှင့်ငွေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့် မှလည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ပါသည်။

ဆက်လက်၍ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို ဘားအံမြို့နယ် အမျိုးသားအသင်းမှရရှိခဲ့ပြီး တံခွန်စိုက်ဒိုင်းနှင့် ဆုချီးမြှင့်ငွေများအား ကရင်ပြည်နယ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းမှပေးအပ်ချီးမြင့်ခဲ့ပါသည်။

အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို ဘားအံမြို့နယ် အမျိုးသမီးအသင်းမှရရှိခဲ့ပြီး တံခွန်စိုက်ဒိုင်းနှင့် ဆုချီးမြှင့်ငွေများအား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့် မှပေးအပ်ချီးမြင့်ခဲ့ပါသည်။

အမျိုးသား/အမျိုးသမီး စုပေါင်း တံခွန်စိုက်ဒိုင်းဆုကြီးအား ဘားအံမြို့နယ် အသင်းမှရရှိခဲ့ရာ စုပေါင်းတံခွန်စိုက်ဒိုင်းဆုကြီးနှင့် ဆုချီးမြှင့်ငွေကျပ်အား ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး မှပေးအပ်ချီးမြင့်ခဲ့ပါသည်။ထို့နောက်အားကစားသမားများအား ဝန်ကြီးချုပ်မှလိုက်လံ နှုတ်ဆက်ခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။