အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာ ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ရာဇဂြိုလ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်း ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦး၊ လူငယ်ရေးရာဦးစီးဌာန ရန်ကုန်တိုင်းတာဝန်ခံ ဦးအေးချိုတူး အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးစည်သူဇော်၊ နည်းပြ ဦးမောင်မောင်ခင်တို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးရဲကျော်သူမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ အမှာစကား‌ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီးလူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးအေးချိုတူး နှင့် မြို့နယ်ပြန်ဆက် မှ ဒေါ်အေးမဉ္ဇူတို့မှ လူငယ်ရေးရာ အသိပညာပေး ဟောပြော၍ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ ဦးမောင်မောင်ဇော် မှ ဂျူဒိုအကြောင်းသိကောင်းစရာ ဟောပြော၍ မြို့နယ် အား/ကာမှ ဒေါ်ဂျူးဂျူးမ မှ အားကစားအသိပညာပေး ဟောပြောခဲ့ပါသည်။

ဆက်လက်ပြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူက ရာဇဂြိုလ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကာ ဝူရှူး၊ မြန်မာ့သိုင်း၊ ဂျူဒို အားကစားနည်းသရုပ်ပြအဖွဲ့တို့မှ သရုပ်ပြသခဲ့သည်။ ထို့နောက်ဟောပြောခဲ့သည့်အားကစားဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးမြန်းပြီး ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ချီးမြှင့်ကာအခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။