အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအားလိုက်လံကြည့်ရှုအားပေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအားလိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာ(၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲချုပ်တို့ပူးပေါင်း၍ ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌဖလားနှင့် (၆၆)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်(ဝန်ကြီးဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထိုနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြိုနယ် Training Center-2 ၌ ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများအားလည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် […]

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပါဝင်ဆင်နွှဲ

Loading

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပါဝင်ဆင်နွှဲ နေပြည်တော်၊ ဒီဇင်ဘာ (၂)။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောကအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ “၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲ”ကို ယနေ့နံနက် ၅ နာရီ ၄၅မိနစ်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။ စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်းအင်အား(၄၀၀၀)ခန့် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။ ဒီဇင်ဘာလူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဂိတ်အမှတ်(၁)မှ စတင်တာထွက်ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ဂိတ်(A)ရှေ့အထိ […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၊ အား/ကာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန်အစည်းအဝေးကျင်းပ

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၊ အား/ကာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန်အစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ဌာနခွဲများ၊ အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန်အစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ယခုအစည်းအဝေးတွင် တာဝန်ခံညွှန်ကြားရေးမှူးများ အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် အခက်အခဲ များရှိပါက တင်ပြပေးသွားရန်လိုကြောင်း၊ ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ ချက်ချင်းဖြေရှင်းပေး၍မရသည့် ကိစ္စရပ်များကို ပြည်ထောင်စု ဝန်ကြီးထံတင်ပြပြီး ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ခံညွှန်ကြားရေးမှူး များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁)လတစ်ကြိမ်ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ပေးရေးနှင့် ပြောင်းရွှေ့နေရာချထားရေးကိစ္စရပ်များကို ဘုတ်အဖွဲ့ဖွဲ့၍ ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာ (၃၀)။ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။ ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီး(၃)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ မွန်ပြည်နယ်အသင်းနှင့် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျူဒိုအားကစားသမားများနှင့် ဘော်လီဘောအားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဂျူဒိုအားကစားသမားများနှင့် ဘော်လီဘောအားကစားသမားများ၏ လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာ(၃၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၊ Cluster(3) ရှိ ဂျူဒိုအားကစားလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုအားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အားကစား သမားများအားလုံး စည်းကမ်းတကျလေ့ကျင့်၍ စိတ်ဓာတ်ပိုင်းနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ပြီး ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားလေ့ကျင့်သွားကြရန်လိုကြောင်း၊ လာမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းမှ ရွှေတံဆိပ်ဆုများ ရယူပေးနိုင်ရေးနှင့် အတွေ့အကြုံကောင်းများ ရရှိစေရေးအတွက် နိုင်ငံတကာအားကစားပြိုင်ပွဲများအား စေလွှတ်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း၊ အောင်မြင်မှုဆုတံဆိပ်များ ရရှိစေရေးအတွက် ယခုကတည်းက စနစ်တကျ ကြိုးစားလေ့ကျင့်သွားကြရန်နှင့် မိမိပြိုင်ဘက် အားကစားသမား၏ အားနည်းချက်/ အားသာချက်များကို လေ့လာသုံးသပ်ပြီး […]

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်အတွက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၉)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၂ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်း နှင့်တာဝန်ရှိသူများ၊ အားကစာသမားများ တက်ရောက်ခဲ့သည်။ အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ကမ္ဘာ့နိုင်ငံတိုင်းက အားကစားကို အမျိုးသားရေးလက္ခဏာတစ်ရပ်အဖြစ် ရှေ့ရှုပြီး လုပ်ဆောင်လာကြသည်ကို […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ ၂၂ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ် အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေးအစီအစဉ်အရ စက်ဘီးနည်းပြသင်တန်း(အဆင့်-၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသွေးစည်းညီညွတ်ရေးအစီအစဉ်အရ စက်ဘီးနည်းပြသင်တန်း(အဆင့်-၂)ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၂၂)။ မြန်မာ့စက်ဘီးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ သွေးစည်းညီညွတ်ရေးအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် စက်ဘီးနည်းပြသင်တန်း(အဆင့်-၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နည်းပြဆရာ Dr. Chester Alexander Hill နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် ကမ္ဘာ့စက်ဘီးအဖွဲ့ချုပ်(UCI)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ယခုစက်ဘီးအားကစားနည်းပြသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စက်ဘီးအားကစားနည်းသည် အိုလံပစ်အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ […]

လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂၀)။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထောက် အကူပြုစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နေလယ်(၁)နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးနှင့် ဝင်ငွေရရှိနိုင်မည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်း များကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်ရေးရာမူဝါဒ၏ အဓိက ကဏ္ဍ(၁၆)ရပ်တွင် အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍသည် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ လူငယ်များအခြေခံ အသက် မွေးဝမ်းကြောင်းပညာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်ဇနီး ဒေါ်မေသန်းကြိုင် တို့အား အမှူးထား၍ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လျက်ရှိသည့် ဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။ အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး မြို့မ ဈေးကုန်းကျောင်းတိုက် အဘိဓမ္မာသင်တန်းနည်းပြတိုက်အုပ်ဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ရွတ်ပွားသရဇျ္စာယ်တော်မူသော ပရိတ်တရားတော်များကို နာယူခြင်း၊ ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခြင်း၊ ဆရာတော်မထေရ်မြတ်ကြီးထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ […]