အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက်

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်ရောက်ရှိ လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ကြိုဆိုနှုတ်ဆက် နေပြည်တော်၊ ဖေဖော်ဝါရီ(၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျင်းပမည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များအား ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ (Gold Medal Hall)၌ တွေ့ဆုံနှုတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် တည်းခိုနေထိုင်မည့် အိပ်ဆောင်နေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖျော်ဖြေရေးအကအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော လူငယ်များ ဗလငါးတန် ပြည့်စုံရေး စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် မကွေးမြို့၊ မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သော လူငယ်များ ဗလငါးတန် ပြည့်စုံရေး စုံညီပွဲတော် ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ် မကွေး၊ ဖေဖော်ဝါရီ ၃။ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။ ရှေးဦးစွာ လူငယ်များ ဗလငါးတန်ပြည့်စုံရေးစုံညီပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့် နေပြည်တော်၊ဖေဖော်ဝါရီလ(၂)ရက်။ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။ ကြည့်ရှုအားပေး အဆိုပါဗိုလ်လုပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနှင့်နည်းပြများ၊ အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ […]

လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Loading

လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ (၂)။ လူငယ်ရေးရာဦးစီးဌာန ဖွဲ့စည်းခြင်း (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရွှေနံ့သာဓမ္မရိပ်သာ ကျောင်းတိုက်မှ သံဃာတော် (၅)ပါးအား ပင့်ဖိတ်၍ အလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်နာကြားခြင်းနှင့် အာရုဏ် ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် (၀၆:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ရွှေနံသာဓမ္မရိပ်သာကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသာရထံက ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူပြီး ဆရာ တော်၊ သံ‌ဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ပရိတ်တရားနာကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများမှ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချအနုမောဓနာ ခေါ်ဆိုကာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရိုးရာခြင်းလုံးနည်းပြနှင့် ဒိုင်လူကြီးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က သင်တန်း အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစား တိုးတက်မြင့်မားလာစေရေး နှင့်အဆင့်အတန်းမီ နည်းပြနှင့်ဒိုင်လူကြီးများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းသည် ကမ္ဘာမှာ မြန်မာလူမျိုးများသာ ကျွမ်းကျင်စွာကစားတတ်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာတိုးတက်မြင့်မားလာပြီး ကမ္ဘာတစ်ဝှမ်းသို့ ပြန့်နှံ့စေရန်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးခတ်ပညာကို စနစ်တကျသင်ကြားရေးနှင့် စည်းမျဉ်း/စည်းကမ်းများ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချရေးသည် အဓိကအခန်းကဏ္ဍတွင် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော် ဖေဖော်ဝါရီ ၁။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား၊ အမျိုးသမီး) (5 on 5)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့ ဘတ်စကက်ဘော (အမျိုးသမီး၊ အမျိုးသား) (5 […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ ရွှေညောင်၊ အောင်ပန်းနှင့်ကလောမြို့နယ်တို့ရှိ အားကားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ရှမ်းပြည်နယ်အတွင်းရှိ ရွှေညောင်၊ အောင်ပန်းနှင့်ကလောမြို့နယ်တို့ရှိ အားကားကွင်း/အားကစားရုံများအားလိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၂၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ရှိ ရွှေညောင်အားကစားကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကိုမှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်ပန်းမြို့ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် အားကစားရုံအတွင်း ခိုဌက်များမဝင်ရောက်နိုင်စေရေးအတွက် ဝင်‌ရောက်နိုင်သည့်အပေါက်များကို သံဇကာအသေးများဖြင့်ကာရံသွားရန်၊ ပွဲကြည့်စင်တွင် တပ်ဆင်ရန်၊ စတီးအလံတိုင်ပြုလုပ်သွားရန်နှင့် အားကစားကွင်းတွင် ရုံးဆိုင်းဘုတ်တပ်ဆင်ထားရှိရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကလောမြို့နယ် အားကစားကွင်းသို့ သွားရောက်ခဲ့ပြီး အားကစားရုံပတ်လည်ရှိ ရေမြောင်းအဖုံးများအား ရေရှည်တည်တံစေရေးအတွက် သံဖြင့်ပြုလုပ်‌‌ ဆောင်ရွက်သွားရန်၊ မီတာ ၄၀၀ ကျောက်စလစ်ပြေးလမ်းနှင့် ဘောလုံးကွင်းပတ်လည် ရေနုတ်မြောင်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အတွင်းရှိ အဆောက် အဦများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)အတွင်းရှိ အဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညအားကစားကွင်းနှင့် ကျောင်းသားအားကစားကွင်းများသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေးနှင့် အားကစားကွင်းပတ်လည် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲတမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပွဲကြည့်စင်အောက်ဘက်ရှိအခန်းများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်နှင့် အားကစားပစ္စည်းများကို စနစ်တကျထားရှိဆောင်ရွက်သွားရန် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဦးဝိစာရအမျိုးသားရေကူးကန်၊ သိမ်ဖြူတင်းနစ်အားကစားရုံအမိုး လဲလှယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးတို့မှ အရာထမ်း/အမှုထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များ၊ အခက်အခဲများနှင့် လိုအပ်ချက်များအား […]

ဒုတိယဝန်ကြီးဦးမျိုးလှိုင် အား/ကာသိပ္ပံ(လွိုင်ကော်)နှင့် ကယားပြည်နယ် အား/ကာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သူများအတွက် လိုအပ်သည်များဖြည့်ဆည်းထောက်ပံ့

Loading

ဒုတိယဝန်ကြီးဦးမျိုးလှိုင် အား/ကာသိပ္ပံ(လွိုင်ကော်)နှင့် ကယားပြည်နယ် အား/ကာဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သူများအတွက် လိုအပ်သည်များဖြည့်ဆည်းထောက်ပံ့ နေပြည်တော်၊ ဇန်နဝါရီ(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ ရောက်ရှိနေကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)မှ အရာထမ်း/အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ သင်တန်းသား/သင်တန်းသူများနှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ရုံးသို့ ရောက်ရှိနေကြသည့် ကယားပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် လိုအပ်သည့် မီးဖိုချောင်သုံးပစ္စည်းများ၊ ရေမြုပ်အိပ်ရာခင်း၊ ဆန်နှင့်ဆီတို့ကို သွား‌ရောက်ထောက်ပံ့‌ပေးခဲ့ပြီးနောက် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ သင်တန်းသား/သင်တန်းသူများ၏ အခက်ခဲများနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သင်တန်းသူများအတွက် အားကစားနှင့်လူငယ်ရေးရာရေးရာဝန်ကြီးဌာနမှ ပစ္စည်းတန်ဘိုး (၅၅)သိန်းခွဲနှင့် ငွေသားသီးသန့် ကျပ်(၂၂)သိန်းတို့ကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ထောက်ပံ့ပေးခဲ့ပြီးနောက် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော် ဇန်နဝါရီ ၂၆ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူနည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အနိုင်မခံ၊ အရှုံးမပေးဘဲ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကိုလည်း လေးစားလိုက်နာကြစေလိုကြောင်း၊ ထို့ပြင် ပြိုင်ပွဲကို […]