အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီးဦးထိန်လင်း ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေးပြီး အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်) နှင့် ဟင်္သာတမြို့နယ် အားကစားခန်းမ ကြမ်းခင်းလုပ်ငန်းပြီးစီးမှုအားစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ ၁၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဧရာဝတီတိုင်း ဒေသကြီး ၊ (ပုသိမ်ဇုန်)တွင် ယမန်နေ့တွင်ကျင်းပပြုလုပ်လျက်ရှိသည့် အုပ်စုပတ်လည် ပထမပြိုင်ပွဲ ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီး အမျိုးသမီး အသင်းတို့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အတူ ပြိုင်ပွဲမစတင်မီ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) (၃)ထပ်သင်တန်းသားအိပ်ဆောင်တည်ဆောက်နေမှု အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်၊ စံညွှန်း အရည်အသွေးပြည့်မီစေရေး အလေးအနက်ထားဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် အတူ တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနသို့ သွားရောက်၍ မြို့နယ် အားကစားခန်းမ ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမ ရေရှည်တည်တံ့နိုင်ရေး အမြဲထိန်းသိမ်းဆောင်ရွက်သွားရန် ၊ အစဉ်အမြဲသန့်ရှင်းသာယာလှပ စေရေးတို့အတွက် အလေးအနက်ထားဆောင်ရွက်သွားရန်နှင့် အားကစားပြိုင်ပွဲများစဉ်ဆက် မပြတ်ကျင်းပသွားရန်လမ်းညွှန်မှာကြားခဲ့ပါသည်။