အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် Lincang မြို့တွင်ကျင်းပပြုလုပ်ခဲ့သော (၃)နိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် မြန်မာ(ISPE ) ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုအခမ်းအနားကျင်းပ

ရန်ကုန် ၊ အောက်တိုဘာလ ၈

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-တရုတ်- ဗီယက်နမ် (၃) နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ISPE FC) အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည့်အတွက် ၇.၁၀.၂၀၂၅ ရက်နေ့ ၊ ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ M 3 စားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ဒုတိယအမြဲတမ်းအတွင်းဝန် နှင့်တာဝန်ရှိပုဂ္ဂိုလ်များ ၊ အုပ်ချုပ်/နည်းပြနှင့် ဆုရအားကစားသမား များတက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်း မှ ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် အသင်းအုပ်ချုပ်သူ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ပွဲစဉ်အစအဆုံးယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲအတွေ့အကြုံများအား ရှင်းလင်းတင်ပြ ပြီးနောက် (ISPE FC) ဘောလုံးအသင်းမှ ကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရသည်။