အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို (၈.၂.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး၊ အ‌ခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ ရှေးဦးစွာ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုးက အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီအခြေခံအားကစားသင်တန်းများအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများသည် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားကို ဝါသနာပါလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် […]

(၆၂)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

(၆၂)ကြိမ်မြောက် ၊ အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၁၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ လမ်းညွှန်မူဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် Myan Shwe Pyi Tractors Limited တို့ပူးပေါင်းကျင်းပပြုလုပ်သည့် (၆၂)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးစီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နေ့လယ်(၁)နာရီ အချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏလူငယ်လေ့ကျင့်ရေးစခန်းရှိ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၌ကျင်းပခဲ့သည်။ ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်းက အမျိုးသားတစ်ဦးချင်းအလွတ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိကြသူများအား ဆုများကို ပေးအပ်ချီးမြှင့်၍လည်ကောင်း၊ ဒုတိယဥက္ကဌ ဦးမြတ်သူက အမျိုးသမီးတစ်ဦးချင်း အလွှတ်တန်းစက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုရရှိကြသူများအား ဆုများချီးမြှင့်၍လည်ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနဲ့ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက အမျိုးသား အသက်(၁၆)နှစ်အောက် တစ်ဦးချင်းစက်ဘီးစီပြိုင်ပွဲတွင် ပထမ ၊ ဒုတိယ […]

မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမှုဆောင်နှင့် အသင်းဝင်များ၏ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲကျင်းပ

Loading

မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမှုဆောင်နှင့် အသင်းဝင်များ၏ ချစ်ကြည်ရေးဘော်လီဘော ပြိုင်ပွဲကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၀။ ၂၀၂၄ ခုနှစ် မြန်မာဘော်လီဘောလူမှုရေးအသင်း၏ ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမှုဆောင်နှင့် အသင်းဝင်များ၏ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ အသက်(၅၀)နှစ်အထက်အမျိုးသား၊ အသက်(၄၅)နှစ်အထက်အမျိုးသမီဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်၀င်း မိုးလုံလေလုံခန်းမ၌ကျင်းခဲ့သည်။ ပြိုင်ပွဲများအပြီး ဆုပေးပွဲကိုကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့်အမျိုးသား၊ အမျိုးသမီးအ‌ကောင်းဆုံးရရှိကြ‌သောအားကစားသမားများအား တိုင်း‌ဒေသကြီး၀န်ကြီးများ၊ တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌ၊ ဥပ‌ဒေချုပ်၊ အတွင်း‌ရေမှူးနှင့် မြန်မာဘော်လီဘောလူမှုရေးအသင်းဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကြသည်။ ထို့‌နောက် ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ‌ကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကတံခွန်စိုက်ဆုဖလားရရှိသွားသောရန်ကုန်တိုင်း‌ဒေသကြီး (B)အသင်းအား‌ ငွေသားဆုနှင့် ဆုဖလားချီးမြှင့်သည်။ ယင်းပြိုင်ပွဲကို မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်းဖြစ်ပြီး […]

၂၀၂၄ ခုနှစ် ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲ ချန်ပီယံရှစ် (lnter Club Badminton Championship 2024)ပြိုင်ပွဲဗိုလ်ပွဲပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲ ချန်ပီယံရှစ် (lnter Club Badminton Championship 2024)ပြိုင်ပွဲဗိုလ်ပွဲပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီ ၁၂။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ် ကလပ်ပေါင်းစုံကြက်တောင်ပြိုင်ပွဲချန်ပီယံရှစ် (lnter Club Badminton Championship 2024) ပြိုင်ပွဲ ဗိုလ်ပွဲပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယ‌နေ့မွန်းလွဲ၁နာရီက ရန်ကုန်မြို့လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင်အားကစားခန်းမ၌ကျင်းပသည်။ ဗိုလ်လုပွဲပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပထမဆုရ Aung(A)အသင်း၊ ဒုတိယဆုရ HPPအသင်း၊ ပူးတွဲတတိယဆုရ Champion(A)အသင်းနှင့် Aung(B)အသင်းတို့အား ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌ၊လူမှု‌ရေးရာ၀န်ကြီး ဦး‌ဌေးအောင် ၊ မြန်မာနိုင်ငံကြက်‌တောင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦး‌အောင်ပိုင်၊ တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ကျော်မင်းသန်းနှင့် တာ၀န်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများ‌ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းပြိုင်ပွဲကို‌ ဖေဖော်ဝါရီ […]

အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပ ရေကြည်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ လူငယ်ရေးရာဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ကြာကန်ကျေးရွာ အ.မ.က ကြာကန်၌ (၈.၂.၂၀၂၄)ရက်နေ့ နံနက်(၉:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကြာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ချယ်ရီမြင့်က “ လူငယ်နှင့်အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူးဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်)က “ အားကစားပြုလုပ်ခြင်း၏အကျိုးကျေးဇူးများ” ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက်အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်)နှင့် အဖွဲ့က Physical Fitness Dance အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီးကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို နံနက်(၁၁:၄၅)နာရီတွင် […]

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၈)။ လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ညနေ (၂)နာရီ တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။ ယနေ့လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၈)ကီလို၊ အမျိုးသမီး(၅၂)ကီလို၊ အမျိုးသမီး(၅၇)ကီလို၊ အမျိုးသား (၄၈)ကီလို၊ အမျိုးသား(၅၄)ကီလို၊ အမျိုးသား(၅၇)ကီလို၊ အမျိုးသား(၆၀)ကီလို၊ အမျိုးသား(၆၃.၅)ကီလို၊ အမျိုးသား(၆၇)ကီလိုနှင့် အမျိုးသား(၇၁)ကီလိုပြိုင်ပွဲများကိုယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် […]

အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ

Loading

အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၈ ရက်။ ၂၀၂၄ ခုနှစ်၊ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့မှ(၁၈)ရက်နေ့အထိ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်မည့် အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ခရစ်ကက်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ/နည်းပြ(၃)ဦး၊ အားကစားသမား(၁၄)ဦး ၊ စုစုပေါင်း(၁၇) ဦးတို့သည် ယနေ့နံနက် ၆နာရီ ၄၅ မိနစ်အချိန်က လေယာဥ်အမှတ် 8M 501ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွာလာလမ်ပူမြို့သို့ထွက်ခွာသွားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၁၆)နိုင်ငံ ၊ (၄)သင်း တစ်အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းမှာ A GROUP မှ ထိုင်းနိုင်ငံ ၊ […]

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၇)။ လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။ ယနေ့လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၅၀)ကီလိုတန်းပြိုင်ပွဲတွင် အေးငြိမ်းထူး (အား/လူငယ်)က အေးအေးပြည့်(Youth Camp)ကိုလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်း ပြိုင်ပွဲတွင် ဆုမြတ်နိုး(PTC)က မာရီနား(ပြည်ထဲရေး)ကိုလည်းကောင်း၊ အမျိုးသမီး(၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ကိမ်ရှင်းဒိတ်စန်(အား/လူငယ်)က ဧလိဇဘတ်(UMC-ချင်းပြည်နယ်)ကိုလည်းကောင်း၊ အမျိုးသမီး(၆၃)ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(PTC)က အိအိထွေး(Youth Camp)ကိုလည်း ကောင်း၊ အမျိုးသား(၅၁)ကီလိုတန်းပြိုင်ပွဲတွင် ဇော်မြင့်မိုး(ပြည်ထဲရေး)က သိန်းထွန်းဇော် (တပ်မတော်-လေ)ကိုလည်းကောင်း၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် စောဘွယ်ကလို(ပြည်ထဲရေး)က သီဟဇော်(အား/လူငယ်)ကိုလည်းကောင်း၊ ထူးအောင်ရဲရင့်(တပ်မတော်-လေ)က အေးနိုင်(ကာကွယ်ရေး) ကိုလည်းကောင်း၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် ရဲဝင်းအောင်(ကာကွယ်ရေး)က သက်ဖြိုးလွင် (ကာကွယ်ရေး)ကိုလည်းကောင်း၊ စတီးရှု(Youth Camp)က […]

အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်(The 3rd Baghdad international Half Marathon )ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ

Loading

အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်(The 3rd Baghdad international Half Marathon )ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၇)ရက်။ အီရတ်နိုင်ငံ၊ Baghdadမြို့၌ ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၃)ကြိမ်မြောက် ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်ပြိုင်ပွဲ(The 3rd Baghdad international Half Marathon) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းအဖွဲ့ခေါင်းဆောင် မြန်မာနိင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင် ၊ အားကစားသမား ကျော်မင်းအောင်နှင့် အိအိဝိုင်းတို့သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်က လေယာဉ်အမှတ်MH741ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီးဦးအောင်မျိုးဝင်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင်နူတ်ဆက်ခဲ့သည်။ အဆိုပါပြိုင်ပွဲ ၉ ရက်နေ့တွင် ကျော်မင်းအောင်က ၂၀ ကီလိုမီတာတွင်လည်ကောင်း ၊ အိအိဝိုင်းက ၁၀ […]

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာ မြင်းစီးပြိုင်ပွဲဖွင့်ပွဲကျင်းပ

Loading

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာ မြင်းစီးပြိုင်ပွဲဖွင့်ပွဲကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၅)ရက်။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ ပံ့ပိုးမှုဖြင့်ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကွင်း၌ ကျင်းပပြုလုပ်သည်။ အဆိုပါ မြင်းစီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌဦးပြုံးမောင်မောင်နှင့် ဒုဥက္ကဌဦးအေးချိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြင်းစီးသရုပ်ပြသခြင်းနှင့် ပထမနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များဖြစ်သည့် ရိုးရာ ဒုန်းစီးအလတ်တန်းပြိုင်ပွဲ(ဆီမီးဖိုင်နယ်ပွဲစဉ်)များအား ကြည့်ရှုအားပေးကြသည်။ ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာအသားကျစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာဓားခုတ်(ငှက်ပျောပင်ခုတ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံပစ်(စက်ပစ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံထိုး(စက်ထိုး)စီးနင်းပြိုင်ပွဲ၊ International Show Jumping ပြိုင်ပွဲ၊ International Dressage ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ(၆)ရက်တွင် ရိုးရာဒုန်းစီးအငယ်တန်းပြိုင်ပွဲ(ကွာတားဖိုင်နယ်ပွဲ)များ၊ […]