အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာလ(၁၉)ရက်။ ၂၀၂၃ခုနှစ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဒဂုံမြို့သစ်ခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံမြို့သစ်ခရိုင်မှ (၁:၀)ဖြင့် အနိုင်ရှိခဲ့ပြီးနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာတွင် ပထမဆုရှိသော ဒဂုံမြို့သစ်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆု ကျပ်(၅၀)သိန်းနှင့်အတူ တံခွန်စိုက်ဆုဖလား ချီးမြှင့် ခြင်း ၊ ဒုတိယဆုရှိသော မင်္ဂလာဒုံခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆု ကျပ်(၄၀)သိန်း ချီးမြှင့်ခြင်း၊ တတိယဆုရရှိသော တွံတေးခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန်မှ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆု ကျပ်(၃၀)သိန်း ချီးမြှင့်ခြင်း ၊ […]

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ(၁၉)ရက်။  National Fitness ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးဖြင့် ချစ်ခင်ရင်းနှီးမှုရရှိစေရေး၊ ဝန်ထမ်းများတက်ကြွရွှင်လန်းစွာဖြင့် လုပ်ငန်းတာဝန်များကို ပိုမိုထမ်းရွက်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ ကွင်းအမှတ်(၃)နှင့် လယ်ဝေးအားကစားကွင်း(TC-2)တို့၌ ဆက်လက်ကျင်းပခဲ့သည်။  ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက်ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၃)ဂိုး၊ […]

၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလားဂေါက်သီး ရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလားဂေါက်သီး ရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဒီဇင်ဘာလ(၁၈)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်နယ်အတွင်း ဂေါက်သီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တောင်ကြီးဂေါက်ကလပ်တို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ (၆၄)ကြိမ်မြောက် ကမ္ဘောဇဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေ (၀၆း၀၀)နာရီအချိန်တွင် တောင်ကြီးဂေါက်ကလပ်၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ဆုရအားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင်ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဒုတိယတိုင်းမှူး […]

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပပြုလုပ်

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာအားကစားလ (တတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲများကျင်းပပြုလုပ် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ ခန္ဓာကိုယ်သန်စွမ်းစေရေး၊ စိတ်နှလုံးရွှင်လန်းစေရေး ရည်ရွယ်ကာ “ စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်(၅:၀၀)နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒီဇင်ဘာအားကစားလ(တတိယပတ်)၌ လူထုလမ်းလျှောက်ပွဲပြုလုပ်ခဲ့ကြသည်။ ထိုသို့လူထုလမ်းလျှောက်ပွဲ ပြုလုပ်ရာတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၉၉)ဦးဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှတဆင့် တောင်သွားလမ်းတစ်လျှောက်စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြင်တော်သာလမ်းမတစ်လျှောက် စုပေါင်းလမ်းလျှောက်ခဲ့ကြကာ မြကန်သာပန်းခြံထဲ၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများမှ ကာယလေ့ကျင့်ခန်း အတွဲ(၁)(၂)နှင့် Fitness Dance ကိုယ်လက်လှုပ်ရှားအားကစား သွေးပူလေ့ကျင့်ခန်းတို့ကို သရုပ်ပြသခဲ့ရာ ပြည်သူများက ကိုယ်လက်လှုပ်ရှားအားကစားများ စုပေါင်းဆောင်ရွက်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် […]

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ဆွေးနွေးဟောပြော

Loading

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲသို့ တက်ရောက်ဆွေးနွေးဟောပြော မင်းဘူး၊ ဒီဇင်ဘာလ(၁၄)ရက်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်သည် တိုင်းဒေသကြီးတိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မြတ်သန္တာဝင်းနှင့် ဝန်ထမ်းများ ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ(၁၄)ရက်၊ ယနေ့နံနက်(၉)နာရီက မင်းဘူး(စကု)မြို့နယ် ရွာသာယာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရွှေပွင့်ဖြူခန်းမ၌ ကျင်းပပြုလုပ်သော တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားပြီး မင်းဘူး(စကု)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်တို့က ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံထူးချွန်သော လူတော်လူကောင်းများဖြစ်စေရန် စဉ်ဆက်မပြတ် ကြိုးစားသင်ယူလေ့လာကြရန် ဆွေးနွေးပြောကြားသည်။ […]

မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

Loading

မကွေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက် မကွေး၊ ဒီဇင်ဘာ(၁၄)။ ၂၀၂၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာစုံညီပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းဒေသကြီးဉပဒေချုပ် ဦးတင့်ဝေ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကား ပြောကြားရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်ရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုသည့် […]

PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာဂျူဒိုအားကစားအဖွဲ့အားကြိုဆို

Loading

PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာဂျူဒိုအားကစားအဖွဲ့အားကြိုဆို ရန်ကုန်၊ဒီဇင်ဘာလ(၁၂)ရက်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်မှ (၁၀)ရက်နေ့အထိ မလေးရှားနိုင်ငံ ပီနန်မြို့တွင်ကျင်းပသော PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအားကစားအဖွဲ့သည် ယနေ့နေ့လယ်(၁၃:၁၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းနှင့်ဒုတိယဥက္ကဌများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်မင်းသန်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ မိဘဆွေမျိုးများက ပန်းစည်းများ၊ အိုးစည်ဒိုးပတ်များဖြင့် ဝမ်းပန်းတသာကြိုဆိုကြပါသည်။ အဆိုပါပြိုင်ပွဲတွင် မလေးရှားကလပ်အသင်း(၁၀)သင်း ၊ […]

PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ် (၄)ခု၊ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ် (၈)ခု ဆွတ်ခူးရရှိ

Loading

PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ် (၄)ခု၊ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ်(၈)ခု ဆွတ်ခူးရရှိ နေပြည်တော်၊ ဒီဇင်ဘာလ(၁၁)ရက်။ မလေးရှားနိုင်ငံ၊ ပီနန်မြို့၌  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့်  PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28)kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်(၁)ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်(၁)ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်(၁)ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်(၁)ခု၊ အမျိုးသား(-24)kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်(၁)ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်(၁)ခု၊  အမျိုးသား  (-50)kg ပြိုင်ပွဲတွင် […]

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ်

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယအပတ်) လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပြုလုပ် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ဒုတိယအပတ်ကို ယနေ့နံနက်ခင်း(၅:၃၀)နာရီ၌ စတင်ဆင်နွှဲခဲ့ကြသည်။ မြစ်သားမြို့ ရွှေမုဠော ဘုရားအနောက်ဘက်မုဒ်တွင် စုရပ်နေရာ ပြုလုပ်ခဲ့ပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဝန်ထမ်းများအပါအဝင် ပြည်သူ (၁၅၀)ကျော် ပါဝင်ခဲ့သည်။ အဆိုပါလမ်းလျှောက်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များတို့က ဦးဆောင်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့်အား/ကာဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ ၊မြို့ခံ ရပ်မိရပ်ဖ ဒေမသခံပြည်သူများနှင့် ကျောင်းသား/သူများသည် သက်မှတ်စုရပ်နေရာတွင် ရောက်ရှိနေရာယူ၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လမ်းလျှောက်ပွဲကို စတင်ဆင်နွှဲကြသည်။ စုရပ်နေရာမှစတင်၍ လူထုစုပေါင်းလမ်းလျှောက်ခြင်းကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲ၍ ရွှေမုဠော ရင်ပြင်သို့ ရောက်ရှိလာကြကာ ကိုယ်လက်လှုပ်ရှား ကြံ့ခိုင်မှုလေ့ကျင့်ခန်းများနှင့် physical fitness dance […]

အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

Loading

အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး ကာယဗလနှင့်ကာယကြံ့ခိုင်မှုဆပ်ကော်မတီက ကြီးမှုးကျင်းပသော အမျိုးသားနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။ ဦးစွာ နံနက်ပိုင်း၌ အမျိုးသား အသက်(၂၁)နှစ်နှင့်အောက် အငယ်တန်းကာယဗလမောင်ပြိုင်ပွဲ၊ အမျိုးသားကာယဗလမောင် ၆၀၊ ၇၀၊ ၇၀ နှင့်အထက် ကီလိုတန်းများ၊ အမျိုးသား Sports Physique ၊ အမျိုးသား Athletic Physique ၊ အမျိုးသမီး Athletic Physique ၊ အမျိုးသမီး Model Physique ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပဏာမရွေးချယ်ကြသည်။ ထို့နောက် ညနေပိုင်းတွင် ရွေးချယ်ခံရသော ကာယဗလမောင်များနှင့် ကာယအလှမယ်များက […]