အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၈)။ လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့ညနေ (၂)နာရီ တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။ ယနေ့လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၈)ကီလို၊ အမျိုးသမီး(၅၂)ကီလို၊ အမျိုးသမီး(၅၇)ကီလို၊ အမျိုးသား (၄၈)ကီလို၊ အမျိုးသား(၅၄)ကီလို၊ အမျိုးသား(၅၇)ကီလို၊ အမျိုးသား(၆၀)ကီလို၊ အမျိုးသား(၆၃.၅)ကီလို၊ အမျိုးသား(၆၇)ကီလိုနှင့် အမျိုးသား(၇၁)ကီလိုပြိုင်ပွဲများကိုယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံလက်ဝှေ့ အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဝိတ်တန်းအလိုက် ပြိုင်ပွဲအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် […]

အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ

Loading

အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ပြိုင်ပွဲဝင်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ ၈ ရက်။ ၂၀၂၄ ခုနှစ်၊ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့မှ(၁၈)ရက်နေ့အထိ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်မည့် အာရှခရစ်ကက်ကောင်စီ အမျိုးသမီး ပရီးမီးယားဖလား (ACC Women’s Premier Cup)ခရစ်ကက်ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်မှ အုပ်ချုပ်သူ/နည်းပြ(၃)ဦး၊ အားကစားသမား(၁၄)ဦး ၊ စုစုပေါင်း(၁၇) ဦးတို့သည် ယနေ့နံနက် ၆နာရီ ၄၅ မိနစ်အချိန်က လေယာဥ်အမှတ် 8M 501ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကွာလာလမ်ပူမြို့သို့ထွက်ခွာသွားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၁၆)နိုင်ငံ ၊ (၄)သင်း တစ်အုပ်စုခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းမှာ A GROUP မှ ထိုင်းနိုင်ငံ ၊ […]

အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစား နှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်း အစည်းအဝေးကျင်းပ

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတင်ပြခြင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားအောင်မြင်မှုအဆင့်အတန်းဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြယုဂ်ကို တိုင်းတာလို့ရသည့်အတွက် မြန်မာ့အားကစား အောင်မြင်မှုရရှိအောင် အားလုံးဝိုင်းဝန်းပူပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခု အစည်းအဝေးတွင် တာဝန်ခံညွှန်ကြားရေးမှူးများအနေဖြင့် ဌာနခွဲများအလိုက် မိမိတို့၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို တင်ပြပေးသွားရန်ပြောကြားခဲ့သည်။ ဆက်လက်ပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဌာနခွဲများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းအားကစားပြိုင်ပွဲများ ကျင်းပနိုင်ခဲ့မှုအခြေအနေ များ၊ […]

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားလှုပ်ရှားမှုပြခန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားလှုပ်ရှားမှုပြခန်းဖွင့်ပွဲအခမ်းအနားကျင်းပ ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှ ၂၀၂၄ ခုနှစ် ၊ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ပြည်နယ်တွင်းမှ တစ်နှစ်တာအားကစားလှုပ်ရှားဆောင်ရွက်မှုပြခန်းအား ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ပေးခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ကောင်စီဝင်များ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ အားကစားကိုစိတ်ပါဝင်စားကြသော မိဘပြည်သူများမှ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြခန်းသို့ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ အဆိုပါပြခန်းသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ တစ်နှစ်တာ၌ ပြည်နယ်တွင်းအားကစားလှုပ်ရှားဆောင်ရွက်မှုများ ၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပြခန်းတွင် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက် ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များကိုလည်း ထည့်သွင်းထားရှိပြီး […]

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၇)။ လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက် လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။ ယနေ့လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၅၀)ကီလိုတန်းပြိုင်ပွဲတွင် အေးငြိမ်းထူး (အား/လူငယ်)က အေးအေးပြည့်(Youth Camp)ကိုလည်းကောင်း၊ အမျိုးသမီး(၅၄)ကီလိုတန်း ပြိုင်ပွဲတွင် ဆုမြတ်နိုး(PTC)က မာရီနား(ပြည်ထဲရေး)ကိုလည်းကောင်း၊ အမျိုးသမီး(၆၀)ကီလိုတန်း ပြိုင်ပွဲတွင် ကိမ်ရှင်းဒိတ်စန်(အား/လူငယ်)က ဧလိဇဘတ်(UMC-ချင်းပြည်နယ်)ကိုလည်းကောင်း၊ အမျိုးသမီး(၆၃)ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း(PTC)က အိအိထွေး(Youth Camp)ကိုလည်း ကောင်း၊ အမျိုးသား(၅၁)ကီလိုတန်းပြိုင်ပွဲတွင် ဇော်မြင့်မိုး(ပြည်ထဲရေး)က သိန်းထွန်းဇော် (တပ်မတော်-လေ)ကိုလည်းကောင်း၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် စောဘွယ်ကလို(ပြည်ထဲရေး)က သီဟဇော်(အား/လူငယ်)ကိုလည်းကောင်း၊ ထူးအောင်ရဲရင့်(တပ်မတော်-လေ)က အေးနိုင်(ကာကွယ်ရေး) ကိုလည်းကောင်း၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် ရဲဝင်းအောင်(ကာကွယ်ရေး)က သက်ဖြိုးလွင် (ကာကွယ်ရေး)ကိုလည်းကောင်း၊ စတီးရှု(Youth Camp)က […]

မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ စာတမ်းဖတ်ပွဲနှင့် ညစာစားပွဲအခမ်းအနား ကျင်းပ

Loading

မကွေးတက္ကသိုလ်၌ လူငယ်များ ဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ စာတမ်းဖတ်ပွဲနှင့် ညစာစားပွဲအခမ်းအနား ကျင်းပ မကွေး၊ ဖေဖော်ဝါရီလ(၅)ရက်။ လူငယ်များဗလငါးတန်ပြည့်စုံရေး စုံညီပွဲတော် ဒုတိယနေ့ စာတမ်းဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ တက္ကသိုလ်ဌာနအသီးသီးရှိ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။ ဦးစွာ […]

အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်(The 3rd Baghdad international Half Marathon )ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ

Loading

အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်(The 3rd Baghdad international Half Marathon )ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၇)ရက်။ အီရတ်နိုင်ငံ၊ Baghdadမြို့၌ ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၃)ကြိမ်မြောက် ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာ မီနီမာရသွန်ပြိုင်ပွဲ(The 3rd Baghdad international Half Marathon) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းအဖွဲ့ခေါင်းဆောင် မြန်မာနိင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထူးအောင် ၊ အားကစားသမား ကျော်မင်းအောင်နှင့် အိအိဝိုင်းတို့သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်က လေယာဉ်အမှတ်MH741ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ဒုတိယကျောင်းအုပ်ကြီးဦးအောင်မျိုးဝင်းနှင့်တာဝန်ရှိပုဂ္ဂိုလ်များက လိုက်လံပို့ဆောင်နူတ်ဆက်ခဲ့သည်။ အဆိုပါပြိုင်ပွဲ ၉ ရက်နေ့တွင် ကျော်မင်းအောင်က ၂၀ ကီလိုမီတာတွင်လည်ကောင်း ၊ အိအိဝိုင်းက ၁၀ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြား တောင်ကြီး၊ ဖေဖော်ဝါရီ(၆)။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအေးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြားခဲ့သည်။ ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အားကစားကွင်းသို့ ရောက်ရှိစစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေးက ဒေသတွင်းအားကစားဖွံ့ဖြိုးရေးအတွက် အားကစားကွင်း/အားကစားရုံများ တည်ဆောက်ထားရှိမှု၊ အားကစားပြိုင်ပွဲများ ကျင်းပနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘောလုံးကွင်းအမြဲစိမ်းလန်းစိုပြေရေး ဒေသရာသီဥတုနှင့်ကိုက်ညီသည့် ဘဲစားမြက်စိုက်ပျိုးရန်၊ ကွင်းရေရရှိရေးအတွက် (၆)လက်မအဝီစိတွင်း တူးဖော်၍ ဆိုလာစနစ်ဖြင့် ရေတင်နိုင်ရေးဆောင်ရွက်ရန်၊ မိမိတို့ဌာနသည် နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ကျန်းမာကြံ့ခိုင်သည့် လူငယ်များပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည့်အတွက် […]

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာ မြင်းစီးပြိုင်ပွဲဖွင့်ပွဲကျင်းပ

Loading

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာ မြင်းစီးပြိုင်ပွဲဖွင့်ပွဲကျင်းပ ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၅)ရက်။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ ပံ့ပိုးမှုဖြင့်ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကွင်း၌ ကျင်းပပြုလုပ်သည်။ အဆိုပါ မြင်းစီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌဦးပြုံးမောင်မောင်နှင့် ဒုဥက္ကဌဦးအေးချိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြင်းစီးသရုပ်ပြသခြင်းနှင့် ပထမနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များဖြစ်သည့် ရိုးရာ ဒုန်းစီးအလတ်တန်းပြိုင်ပွဲ(ဆီမီးဖိုင်နယ်ပွဲစဉ်)များအား ကြည့်ရှုအားပေးကြသည်။ ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာအသားကျစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာဓားခုတ်(ငှက်ပျောပင်ခုတ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံပစ်(စက်ပစ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံထိုး(စက်ထိုး)စီးနင်းပြိုင်ပွဲ၊ International Show Jumping ပြိုင်ပွဲ၊ International Dressage ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ(၆)ရက်တွင် ရိုးရာဒုန်းစီးအငယ်တန်းပြိုင်ပွဲ(ကွာတားဖိုင်နယ်ပွဲ)များ၊ […]

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲစတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲစတင်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ(၅)။ လက်ဝှေ့မျိုးဆက်သစ်အားကစားသမားများနှင့် လက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲချုပ်ဥက္ကဋ္ဌဖလား အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံ၌ ကျင်းပသည်။ ယနေ့လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် မောင်ပိုင် (တောင်ကြီးကလပ်-ရှမ်း)နှင့် ကိုကိုထွန်း(Youth Camp)၊ အမျိုးသား(၅၇)ကီလိုတန်းပြိုင်ပွဲတွင် ခုပ်ဆွင်းခိုင် (UMC ချင်းပြည်နယ်)နှင့် ဝါဆို(ရန်ကုန်တိုင်းစစ်ဌာနချုပ်)၊ စောလင်းအောင် (Youth Camp)နှင့် သူရ(ပြည်ထဲရေး)၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် ထွန်းထွန်းဝင်း(ပြည်ထဲရေး)နှင့် သန်းတိုးအောင် (ကာကွယ်ရေး)၊ နုတ်မာရ်(အား/လူငယ်)နှင့် ဇော်မျိုးမြင့်အောင်(တောင်ကြီးကလပ်-ရှမ်း)၊ လွင်မျိုးထွဋ်(ရန်ကုန်တိုင်းစစ်ဌာနချုပ်)နှင့် ဝေယံနိုင်(တောင်ကြီးကလပ်-ရှမ်း)၊ အမျိုးသား(၆၃.၅)ကီလိုတန်းပြိုင်ပွဲတွင် ထူးအောင်ရဲရင့်(တပ်မတော်-လေ)နှင့် အေးမင်းလတ်(ကာကွယ်ရေး)၊ အမျိုးသား(၇၁)ကီလိုတန်းပြိုင်ပွဲတွင် အောင်မြင့်ထွန်း(လပခ)နှင့် စတီးရှု(Youth Camp)၊ အမျိုးသား(၇၅)ကီလိုတန်းပြိုင်ပွဲတွင် မျိုးမင်း(ပြည်ထဲရေး)နှင့် အောင်ဇင်ထိုက် (Youth Camp)တို့က အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ […]