အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် အားကစားပစ္စည်းပေးအပ်ခြင်း နှင့် နန်းပန်ဘော်လီဘောအားကစားရုံတည်ဆောက်မည့်မြေနေရာအား မြေပြင်ကွင်းဆင်းကြည့်ရှု့စစ်ဆေး

ညောင်ရွှေမြို့၊ ဇွန်လ(၉)ရက်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင်ပါဝင်သော “ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်ဆောင်ရွက်ရေး ” ဟူသော ဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးအတွက် ရည်မှန်းချက်/မျှော်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး လိုက်ပါလျက် ကလောခရိုင် ညောင်ရွှေမြို့နယ် နန်းပန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အင်းပေါခုံ) ၃ထပ်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနား၌ အားကစားပစ္စည်းလှူဒါန်းပေးအပ်ပွဲအခမ်းအနားသို့ ယနေ့နံနက်ပိုင်းတွင် တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်ဘော်လီဘောအားကစားအဆင့်အတန်းပိုမိုတိုးတက်လာစေရေးအတွက် ကလောခရိုင် ညောင်ရွှေမြို့နယ် နန်းပန်မြို့ရှိ ဘော်လီဘောအားကစားရုံတည်ဆောက်မည့်မြေနေရာအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်နယ်ညွှန်ကြားရေးမှူးမှ လိုအပ်သည့်မြေပြင်အနေအထားများနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်လုပ်ဆောင်မည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိခဲ့ရပြီး ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသွားခဲ့ကြောင်း သိရှိရပါသည်။