အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများလုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇွန်လ(၁၂)။

အရည်အသွေးပြည့်ဝပြီး လုပ်ငန်းကျွမ်းကျင်သော ဝန်ထမ်းကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများလုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် (၁၂:၃၀)အချိန်တွင် လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထက်အောင်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်နှင့် လုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် မိမိတို့ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြင့်မားမှုသည် အထူးအရေးပါသည့်အတွက် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို ကောင်းမွန်စွာသိရှိပြီး လုပ်ငန်းတွင်လက်တွေ့အသုံးချတတ်စေရေး လိုအပ်ပါ ကြောင်း၊ ဒီကနေ့ဖွင့်လှစ်သည့် ဝန်ထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သည် လူငယ်ရေးရာဦးစီးဌာနကို စတင်ဖွဲ့စည်းပြီးနောက် စတုတ္ထအကြိမ် ဖွင့်လှစ်သောသင်တန်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချသော စာတွေ့/လက်တွေ့သင်ခန်းစာများကို လေ့လာမှတ်သားပြီး မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များအောင်မြင် စေရန် ပြန်လည်အသုံးချဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းအချင်းချင်း နိုင်ငံ့ဝန်ထမ်းကောင်း စိတ်ဓါတ်အပြည့်အဝဖြင့် တစ်ဦးနှင့်တစ်ဉီး အတူတကွ ပူးပေါင်းဆောင်ရွက်မှုရယူပြီး အဖွဲ့အစည်းစိတ်ဓါတ်၊ မိသားစုစိတ်ဓါတ်ဖြင့် နိုင်ငံတော်ကအားထား ရသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုစားသွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ (၁၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား ဇွန်လ (၁၂)ရက်နေ့မှ ဇူလိုင်လ(၂)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။