အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲများ စတင်ကျင်းပ

နေပြည်တော်၊ ဇွန်(၁၂)။

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် ရေကူးအားကစားသမားများအချင်းချင်းချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ရေကူးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ရေကူးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား) မီတာ (၄၀၀) အလွတ်ကူးပြိုင်ပွဲတွင် သန့်စံ(မန္တလေး)က ပထမ၊ ဝေယံပိုင်(ရန်ကုန်)က ဒုတိယ၊ ခန့်မျိုးကျော်(ကရင်)က တတိယ၊ (အမျိုးသမီး) မီတာ (၄၀၀) အလွတ်ကူးပြိုင်ပွဲတွင် အေးသီရိလင်း(ရန်ကုန်)က ပထမ၊ မေအမရာမင်း(ရန်ကုန်)က ဒုတိယ၊ ဧဂျူးဖြူပြာ (မကွေး)က တတိယ၊ (အမျိုးသား) မီတာ (၂၀၀) တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲတွင် လင်းမြတ်သူ(ရန်ကုန်)က ပထမ၊ လင်းစည်သူအောင်(မန္တလေး)က ဒုတိယ၊ ပိုင်မင်းခန့်(မန္တလေး)က တတိယ၊ (အမျိုးသမီး) မီတာ (၂၀၀) တစ်ဦးချင်းလေးမျိုးကူးပြိုင်ပွဲတွင် ဖြိုးသက်သခင်အောင်(ရန်ကုန်)က ပထမ၊ ထက်အိနြ္ဒာဝင်း (ရန်ကုန်)က ဒုတိယ၊ ဆိုင်းနူးပန်(ကချင်)က တတိယ၊ (အမျိုးသား) မီတာ (၁၀၀) ရင်ဘောင်တန်းကူး ပြိုင်ပွဲတွင် ဘုန်းမင်းခန့်(ရန်ကုန်)က ပထမ၊ ပြည့်ဖြိုးကျော်(ရန်ကုန်)က ဒုတိယ၊ ဝင်းဇော်ထွန်း(ဧရာဝတီ)က တတိယ၊ (အမျိုးသမီး) မီတာ (၁၀၀) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ဖြိုးသက်သခင်အောင်(ရန်ကုန်)က ပထမ၊ ဆုမြတ်နှင်း(ရန်ကုန်)က ဒုတိယ၊ ဆုမြတ်သဒ္ဒါ(မန္တလေး)က တတိယ၊ (အမျိုးသား) မီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲတွင် ဟန်မင်းဇော်(ရန်ကုန်)က ပထမ၊ ညီထက်ခိုင်(မကွေး)က ဒုတိယ၊ ဘုန်းလင်းမြတ် (မန္တလေး)က တတိယ၊ (အမျိုးသမီး) မီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲတွင် အေးသစ်သွင်(ရန်ကုန်)က ပထမ၊ နှင်းဦးလရောင်(ရန်ကုန်)က ဒုတိယ၊ သော်တာဝင်း(ဧရာဝတီ)က တတိယ၊ (အမျိုးသား) မီတာ (၁၀၀) လိပ်ပြာကူးပြိုင်ပွဲတွင် အောင်လှိုင်မင်း(ကချင်)က ပထမ၊ ရှင်းသန့်မောင်(ရန်ကုန်)က ဒုတိယ၊ ဝေယံပိုင် (ရန်ကုန်)က တတိယ၊ (အမျိုးသမီး) မီတာ (၁၀၀) လိပ်ပြာကူးပြိုင်ပွဲတွင် ငြိမ်းချယ်ရီထွန်း(မန္တလေး)က ပထမ၊ သွန်းယမုံထွန်း(ပဲခူး)က ဒုတိယ၊ ကတ်သရင်းခင်ခင်(မကွေး)က တတိယ၊ (အမျိုးသား) မီတာ (၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ထက်ပိုင်ခန့်(ရန်ကုန်)က ပထမ၊ လင်းစည်သူအောင်(မန္တလေး)က ဒုတိယ၊ အောင်ကျော်ဇော(ဧရာဝတီ)က တတိယ၊ (အမျိုးသမီး) မီတာ (၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ငွေလသန္တာ (ရန်ကုန်)က ပထမ၊ လွင်မှူးသော်(ရန်ကုန်)က ဒုတိယ၊ လင်းလဲ့မေ(ဧရာဝတီ)က တတိယ၊ (အမျိုးသား) မီတာ (၅၀x၄) လွန်းပျံလေးမျိုးကူးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ မန္တလေးတိုင်း ဒေသကြီးအသင်းက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက တတိယ၊ (အမျိုးသမီး) မီတာ (၅၀x၄) လွန်းပျံလေးမျိုးကူးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းက တတိယဆုများ အသီးသီး ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ယနေ့ပြိုင်ပွဲ ပွဲစဉ်များ၌ ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိခဲ့သူများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ (အမျိုးသား/ အမျိုးသမီး) မီတာ (၂၀၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ (၅၀) ပက်လက်ကူးပြိုင်ပွဲ၊ မီတာ (၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲ၊ မီတာ (၅၀) လိပ်ပြာကူးပြိုင်ပွဲ၊ မီတာ (၅၀) အလွတ်ကူးပြိုင်ပွဲ၊ မီတာ (၅၀x၄) လွန်းပျံအလွတ်ကူးပြိုင်ပွဲ ပွဲစဉ်များအား ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ ရေကူးအားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။