အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးရရှိခဲ့သောမြန်မာအားကစားအဖွဲ့အားကြိုဆို

ရန်ကုန် ၊ဇွန် (၉)ရက်။

ဇွန် ၁ ရက်‌မှ ၉ ရက်‌နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပခဲ့သည့်(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင်ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိ ခဲ့‌သောပညာ‌ရေး၀န်ကြီးဌာန၊ အ‌ခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ်‌ဒေါက်တာစိုးမြင့်ထွန်းဦး‌ဦးဆောင်သောအားကစားအဖွဲ့၀င်၂၁ ဦးတို့သည် ယ‌နေ့ည‌နေပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာ‌လေဆိပ်သို့ ပြန်လည်‌ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအားကသစားနှင့်ကာယပညာ‌ကော်မတီဥက္ကဌ၊တိုင်း‌ဒေသကြီးလူမှု‌ရေးရာ၀န်ကြီးဦး‌ဌေးအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး၊တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာ‌ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌ကျော်မင်းသန်း၊ မြန်မာနိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး၊ တိုင်း‌ဒေသကြီး ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ၊ ‌ကျောင်းသား/‌ကျောင်းသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများ ၊ မိဘဆွေမျိုးများက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲ၌(အမျိုးသမီး) တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မယွန်းလဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီး တစ်ဦးနှင့်အမျိုးသားသုံးဦး လက်နက်ဖြင့်အပြပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည်စုံနိုင်၊ ကျော်ဇောရှင်နှင့် ပြည်စုံအောင်တို့အတွဲက ရွှေတစ်ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတစ်ခု၊ (အမျိုးသမီး)45.0- 50.9 kg ပြိင်ပွဲတွင် မယွန်းပန်းသဇင်အောင်၊ (အမျိုးသား)တစ်ကိုယ်တော်လက်သိုင်းအပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေ၊ (အမျိုးသမီးနှစ်ယောက်တွဲ)ဓါးအတိုက်အပြပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တို့အတွဲ၊ (အမျိုးသားလေးယောက်တွဲ)လက်နက်မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည်စုံအောင်နှင့် ကျော်ဇောရှင်တို့အတွဲက ကြေးတစ်ခုစီရရှိခဲ့ပြီး စုစုပေါင်းဆုတံဆိပ်ခုနှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

(၁၃)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင်အားကစားနည်း‌ေခြာက်မျိုးဖြစ်သည့်ရေကူး၊ပြေးခုန်ပစ်၊ဘတ်စကက်ဘော၊ ကြက်တောင်၊ ပန်ကြက်ဆီလက်၊ ဗိုဗီနမ်ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာအားကစားအဖွဲ့က ဗိုဗီနမ်နှင့်ရေကူးအားကစားနည်းနှစ်မျိုးသာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။