အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော်၊ ဇွန် ၁၁။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား/သူလူငယ်များ အသိပညာဗဟုသုတဉာဏ်ပညာတိုးပွါးပြီး ဗလငါးတန်နဲ့ ပြည့်စုံစေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်တွင် နေပြည်တော်ဇဗ္ဗူသီရိမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်မှ လူငယ်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် အမှာစကားပြောကြားပြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းမှ ကျင့်ဝတ်နဲ့စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊နေပြည်တော်လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ ဉာဏ်စမ်းပဠေဟိမေးမြန်း၍လည်းကောင်း၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးလွန်ထန်ဖွေးမှ ကလေးသူငယ်အခွင့်ရေးဆိုင်ရာဥပဒေအကြောင်းကိုလည်းကောင်းအသီးသီးဟောပြောဆွေးနွေးကြပြီး အခြေခံပညာကျောင်းသို့ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အခမ်းအနားအပြီးတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပူးတွဲကျင်းပသည့် စာအုပ်စာပေပြပွဲ၊စာဖတ်ပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ကျောင်းသား/သူများ ကြည့်ရှု့လေ့လာ၍ စာအုပ်များဖတ်ရှုငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။