အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီးမြို့၊ ဇွန်လ(၁၀)ရက်။

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း ၊ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီဝင်များ နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်းသား/ကျောင်းသူများ၊ ဆုရအသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ၊ ဖူဆယ်အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွန်းလွဲ(၁၃း၀၀)နာရီအချိန်၌ အမျိုးသမီးဗိုလ်လုပွဲစဥ်အဖြစ် လားရှိုးခရိုင်အသင်း နှင့် ကလောခရိုင်အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ အဆိုပါပွဲစဥ်၌ လားရှိုးခရိုင်အသင်းက ကလောခရိုင်အသင်းကို (၄)ဂိုး ၊ (၁)ဂိုးဖြင့်လည်းကောင်း ၊ ဆက်လက်ပြီး ညနေ (၁၅း၀၀)နာရီအချိန်၌ အမျိုးသားဗိုလ်လုပွဲစဥ်အဖြစ် လားရှိုးခရိုင်အသင်းနှင့် တာချီလိတ်ခရိုင်အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကို လည်းကောင်း ကြည့်ရှုအားပေးကာ အဆိုပါပွဲစဥ်၌ လားရှိုးခရိုင်အသင်းက တာချီလိတ်ခရိုင်အသင်းကို (၇)ဂိုး ၊ (၅)ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရဗိုလ်စွဲသွားကြကာ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသမီးပြိုင်ပွဲတွင် ဂိုးသမားအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ်(၁) လားရှိုးခရိုင်အသင်းမှ မအီထ အား ရုပ်တုနှင့် ငွေသားဆုကျပ်(၁)သိန်းအား ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်းမှလည်းကောင်း ၊ အကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ်(၇) လားရှိုးခရိုင်အသင်းမှ မဆိုင်းကွယ်နန်အား ရုပ်တုနှင့် ငွေသားဆုကျပ် (၁)သိန်းအား ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ မှလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် ဂိုးသမားအကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ် (၁) လင်းခေးခရိုင်အသင်းမှ မောင်ဘုန်းမြတ်မင်း အား ရုပ်တုနှင့် ငွေသားဆုကျပ် (၁)သိန်းနှင့်အကောင်းဆုံးအားကစားသမားဆုရ ကျောနံပါတ်(၉) လားရှိုးခရိုင်အသင်းမှ မောင်အိုက်ကပ်တောင်း အား ရုပ်တုနှင့် ငွေသားဆုကျပ် (၁)သိန်းအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှလည်းကောင်း ၊ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရရှိသွားသော လွိုင်လင်ခရိုင်အသင်းကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၄၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ဒုတိယဆုရရှိသွားသော ကလောခရိုင်အသင်းကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၆၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ပထမဆုရရှိသွားသော လားရှိုးခရိုင်အသင်းကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၈၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ အမျိုးသားပြိုင်ပွဲတွင် တတိယဆုရရှိသွားသော တောင်ကြီးခရိုင်အသင်းကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၅၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ဒုတိယဆုရရှိသွားသော တာချီလိတ်ခရိုင်အသင်းကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းမှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၇၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း ၊ ပထမဆုရရှိသွားသော လားရှိုးခရိုင်အသင်းကို ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်မှ တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု (၁,၀၀၀,၀၀၀ိ/-)ကျပ်အားလည်းကောင်း အသီးသီးပေးအပ်သွားခဲ့ကြပြီး ပထမတံခွန်စိုက်ဖလားများကို ထိုက်တန်စွာနဲ့ရရှိခဲ့ကြတဲ့ လားရှိုးခရိုင် အမျိုးသား / အမျိုးသမီး အသင်းများကို ဆုဖလားကြီးများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။