ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့်ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီးဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၊ အားကစားနှင့်ကာယပညာသိပ္ပံ တည်ဆောက်နေမှုနှင့်ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေး ရန်ကုန်၊ မတ်လ (၅)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဆန်း နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့သို့ ရောက်ရှိ၍ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည် များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံသို့ လည်းကောင်း၊ ကျောင်းကုန်းမြို့နယ်ရှိ အားကစားကွင်း/အားကစားရုံသို့ လည်းကောင်း ရောက်ရှိ၍ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ ရုံးလုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ရုံးလုပ်ထုံးလုပ်နည်း စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်၊ အချင်းချင်းအထက်အောက်အပြန်အလှန် လေးစားကြရန် ၊ […]
ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်းအားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး

ဒုတိယဝန်ကြီးဦးထိန်လင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ စခန်းသွင်းအားကစားသမားများလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ရန်ကုန်၊ မတ်လ (၄)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဆန်း ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၊ ပဒေသာအားကစားကွင်းသို့ ရောက်ရှိပြီး တိုင်းရုံးနှစ်ထပ် (၈၁ပေ x ၅၇ပေ x ၂၃ပေ ) တည်ဆောက်နေမှု ၊ ရေနှုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရန် ၊ မြောင်းဖုံးပါရှိစေရန် ၊ အဆောက်အဦ ရေရှည် ကောင်းမွန်စေရန်တို့အတွက် လိုအပ်သည်များအား မှာကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားခန်းမ၌ အားကစားသမားများလေ့ကျင့်နေမှုအားကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပဒေသာအားကစားကွင်းအတွင်းရှိ တိုင်းဒေသကြီးလက်ဝှေ့နှင့် အလေးမလေ့ကျင့်ရေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး […]
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကျင်းပ

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကျင်းပ နေပြည်တော်၊ မတ်(၄) မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက In Person စနစ်ဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ် ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရာတွင် လူငယ်ဖွံ့ဖြိုးတိုတက်ရေး […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၃ ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒထုတ်ဖော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲအသီးသီးမှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လိုအပ်ချက်များနှင့် အခက်အခဲများရှိပါက တင်ပြပေးစေလိုကြောင်း၊ ယခုတွေ့ဆုံပွဲတွင် မိမိအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဖြေရှင်းမပေးနိုင်သည့်ကိစ္စရပ်များကို တာဝန်ရှိ အကြီးအကဲများထံ ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက် သင်္ကြန်ကာလတွင် ဝန်ကြီးဌာနမှ စုပေါင်းရဟန်းခံ/ရှင်ပြုပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် သာသနာ့ဘောင်သို့ ဝင်ရောက်လိုသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ သက်ဆိုင်ရာဌာနသို့ အမည်စာရင်း ပေးသွင်းနိုင်ပါကြောင်းနှင့် အမှုထမ်းသားသမီးများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးကို […]
ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ဒိုင်သင်တန်း(ပိုက်ကျော်ခြင်း)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ဒိုင်သင်တန်း(ပိုက်ကျော်ခြင်း)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ မတ် ၃ ၂၀၂၅ ခုနှစ်၊ ကာယပညာနှင့် အားကစားအခြေခံနည်းပြ/ဒိုင်သင်တန်း(ပိုက်ကျော်ခြင်း) (၁/၂၀၂၅) သို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၁၈)ဦးခန့်တို့သည် သင်တန်းမှူး ဒေါ်နန့်ယဉ်ယဉ်မြင့် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်လျက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone ၌ ဖွင့်လှစ် ထားရှိသော မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေးခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် ၃။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးချုပ် ရဲနိုင်မျိုး(ငြိမ်း) နှင့် တာဝန်ရှိသူများ၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်း နည်းပြ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက် ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၈)ရက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ လှည်းကူး ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင် ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ စာရေးဆရာ ကောင်းသန့်၊ ဧည့်သည်တော်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။ ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်း သီချင်းဖြင့် အခမ်းအနားအား ဖွင့်လှစ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]
အောင်ပွဲရမြန်မာအမျိုးသမီးဘောလုံးအသင်းအားသောင်းသောင်းဖြဖြကြိုဆို

အောင်ပွဲရမြန်မာအမျိုးသမီးဘောလုံးအသင်းအားသောင်းသောင်းဖြဖြကြိုဆို ရန်ကုန် ၊ ဖေဖော်ဝါရီလ ၂၈ရက် နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ (INTERNATIONAL WOMEN’S CHAMPIONSHIP 2025)တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းက အိမ်ရှင် နီပေါအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုဖလားရရှိကာ ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ အဆိုပါမြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီး၀န်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်ဇနီးဒေါ်ဌေးဌေးခိုင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန့် နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ ၊ အမျိုးသမီးဘောလုံးကော်မတီဥက္ကဌ ဒေါ်ခင်စံပယ်ကြည် ၊ MFF ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်ခင်စောဦးနှင့် အဖွဲ့ဝင်များ ၊ […]
မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားဆက်လက်ကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားဆက်လက်ကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MYDA)မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာလူငယ်အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် ဆွေးနွေးခဲ့ကြသည့် လူငယ်ကိုယ်စားလှယ် များက အဖွဲ့လိုက် Presentation များဖြင့် အသီးသီးဆွေးနွေးဖလှယ်ခဲ့ကြပြီးနောက် “Building An Intergreated and Innovative Future” ခေါင်းစဉ်များ၏ ဆွေးနွေးပွဲရလဒ်များကို ပြန်လည်တင်ပြခဲ့ကြသည်။ ဆက်လက်ပြီး လူငယ်အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က […]
လူငယ်အလုပ်ရုံဆွေးနွေးပွဲမှ လူငယ်ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

လူငယ်အလုပ်ရုံဆွေးနွေးပွဲမှ လူငယ်ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် လူငယ်ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၁၂၂)ဦးတို့သည် လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းသော်အေးနှင့်တာဝန်ရှိသူများ ဦးဆောင်လျက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ Social Zone ၌ ဖွင့်လှစ်ထားရှိသော မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ မြန်မာ့အားကစား […]