အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် နဂါးလှေ၊ စားပွဲတင်တင်းနစ်၊ မြင်းစီး၊ သေနတ်ပစ်၊ အားကစားအဖွဲ့များ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့များသို့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နဂါးလှေအားကစားအဖွဲ့ မှ ဦးဘုန်းမြင့်တေဇာ (အုပ်ချုပ်သူ)ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၃၂ ဦးအဖွဲ့သည်ယနေ့နံနက်(၆)နာရီတွင် ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့သို့လည်းကောင်း၊ စားပွဲတင်တင်းနစ်အားကစားအဖွဲ့ မှ ဦးစိုးမင်းအောင် (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၆ ဦး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဇော်အောင်(Observer) နှင့် အဖွဲ့ဝင်(၂)ဦး၊ မြင်းစီးအားကစားအဖွဲ့မှ ဦးဌေးကျော် နှင့် အဖွဲ့ဝင်(၆)ဦးတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့လည်းကောင်း၊ ညနေ ၁၆: ၂၅ နာရီအချိန်တွင် သေနတ်ပစ်အားကစားအဖွဲ့ မှ ဦးကျော်လွင်ဦး (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၆ဦး တို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့လည်းကောင်း စုစုပေါင်း အင်အား (၆၄)ဦးတို့သည် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အသီးသီးထွက်ခွာသွားသည်။

အဆိုပါအားကစားအဖွဲ့များကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။