အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် ဘော်လီဘော(ကျား)၊ Kickboxing ၊ ဘတ်စကက်ဘော၊ မြားပစ်၊ အလေးမ၊ E-sports ၊ မွေ၊ ဝူရှူး ၊ ပန်ကြပ်ဆီလပ် အားကစားအဖွဲ့များထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့များသို့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ရက်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဘော်လီဘောအားကစားအဖွဲ့ မှ ဦးတင့်ဝေ (အုပ်ချုပ်သူ)ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား၁၅ ဦး၊ Kickboxing အားကစားအဖွဲ့ မှ ဦးဝဏ္ဏ (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၁ ဦး ၊ ဘတ်စကက်ဘော အားကစားအဖွဲ့ မှ ဦးမင်းစိုးမြင့် (အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၀ ဦး ၊ မြားပစ် အားကစား အဖွဲ့ မှ ဒေါ်အေးအေးသင်း(အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၄ ဦး အဖွဲ့သည် ယနေ့နံနက်(၆)နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လည်းကောင်း၊ အလေးမ အားကစားအဖွဲ့ မှ ဦးသီဟန်(အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၁ ဦး၊ E-Sports အားကစားအဖွဲ့ မှ ဒေါ်စံထားဦး(အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၇ ဦး၊ မွေ အားကစားအဖွဲ့ မှ ဦးကျော်ဇင်ဦး(အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၂၀ ဦး၊ ဝူရှူး အားကစားအဖွဲ့ မှ ဦးသီဟဇော်(အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၇ ဦး၊ ပန်ကြပ်ဆီလပ် အားကစားအဖွဲ့ မှ ဦးထိန်လင်း(အုပ်ချုပ်သူ) ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၆ ဦး ၊စုစုပေါင်း အင်အား(၁၃၁)ဦးတို့ သည်ယနေ့နံနက်(၇:၂၅)နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့များသို့ လည်းကောင်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အသီးသီးထွက်ခွာသွားသည်။

အဆိုပါအားကစားအဖွဲ့များကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။