အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း (ကကွက်)နှင့် ဝိတ်တန်းအလိုက် (အတိုက်)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း (ကကွက်)နှင့် ဝိတ်တန်းအလိုက် (အတိုက်)ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ တိုက်ကွမ်ဒိုပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) တစ်ဦးချင်း (ကကွက်) ပြိုင်ပွဲနှင့် ဝိတ်တန်းအလိုက် (အတိုက်)ပြိုင်ပွဲများကိုယှဉ်ပြိုင်ကစားခဲ့ကြရာ အမျိုးသားတစ်ဦးချင်း(ကကွက်) ပြိုင်ပွဲပွဲစဉ်တွင် အောင်ခေတ်ပိုင်(ရန်ကုန်)က ပထမ၊ ထက်လင်းအောင် (ကရင်) က […]

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲနှင့် ‌ဘောလုံးသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောပွဲနှင့် ‌ဘောလုံးသင်တန်းသို့ သွားရောက်ကြည့်ရှုအားပေး ပူတာအို၊ နိုဝင်ဘာ(၇)ရက်။ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပူတာအိုမြို့နယ် (အထက-ဒုတ္တန်) ကျောင်းတွင် (၇.၁၁.၂၀၂၃) ရက်နေ့၊ နံနက် (၁၀) နာရီတွင်လည်းကောင်း၊ (၆.၁၁.၂၀၂၃) ရက်နေ့ (အထက-ပူတာအို) ကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကချင်ပြည်နယ် အားကစားကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်သူ၊ မြစ်ကြီးနားခရိုင် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးနိုင်၊ ပူတာအိုခရိုင်အားကစားမှူး ဒေါ်ခင်မိုးသဲ၊ပူတာအိုမြို့နယ်အားကစားမှူး ဒေါ်အားတာဒွေ့နှင့် ဝန်ထမ်းများ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။ အစီအစဥ်အရ ကျောင်းအုပ်ဆရာကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောခြင်း၊ ညွန်ကြားရေးမှူး ဦးအောင်သူနှင့် လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးနိုင်တို့က အားကစားနှင့်လူငယ်ရေးရာ သိကောင်းစရာများဟောပြောခြင်း၊ ဒေါ်ခင်မိုးသဲနှင့် ဒေါ်အားတာဒွေ့တို့က အားကစားသရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ ပူတာအိုမြို့နယ် […]

၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ်အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ရရှိခဲ့သည့် ရှမ်းပြည်နယ်အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ နိုဝင်ဘာလ(၈)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၃ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသားအသင်းနှင့် တတိယဆုရရှိခဲ့သောအမျိုးသမီးအသင်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၆.၁၁.၂၀၂၃)ရက်နေ့ ညနေ (၁၈:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ အုပ်ချုပ်သူ/နည်းပြများ၊ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ နိုဝင်ဘာ (၇)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပပေးရခြင်း၏ […]

၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ဘားအံ၊ နိုဝင်ဘာလ(၈)ရက်။ ၂၀၂၃ ခုနှစ်၊ (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၇.၁၁.၂၀၂၃)ရက်နေ့ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၊ ပြည်‌ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးနှင့်ဇနီး ၊ ကရင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဒေါ်ခင်ဆွေထွန်း ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် […]

၂၀၂၃ ခုနှစ် မွန်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် မွန်ပြည်နယ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ မော်လမြိုင်၊ နိုဝင်ဘာ ၆။ ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၊ မွန်ပြည်နယ်အခြေခံပညာဦးစီးဌာနနှင့် မွန်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၆ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ ချုပ်၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (သုခဝတီ)တို့ ယှဉ်ပြိုင်ကစားနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည်ရှု့အားပေးသည်။ ထို့နောက်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသူများ၊ အမျိုးသား၊အမျိုးသမီး ဒုတိယဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် […]

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ နိုဝင်ဘာ ၆။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများနှင့်အညီ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ ၆.၁၁.၂၀၂၃ရက်နေ့ မွန်းလွဲ (၁၅:၀၀)နာရီအချိန်တွင် အမျိုးသမီးဗိုလ်လုပွဲ ပွဲစဥ်အဖြစ်လည်းကောင်း ၊ ညနေ ( ၁၆:၀၀ )နာရီအချိန်တွင် အမျိုးသားဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ […]

လူငယ်ရေးရာဦးစီးဌာနတွင် ခမ်းအနားမှူးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်လှစ်သင်ကြား

Loading

လူငယ်ရေးရာဦးစီးဌာနတွင် ခမ်းအနားမှူးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) ဖွင့်လှစ်သင်ကြား နေပြည်တော်၊ နိုဝင်ဘာ(၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက ကြီးမှူးကျင်းပသည့် အခမ်းအနားများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စကားဝိုင်းများနှင့်ဖိုရမ်များတွင် ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အစီအစဉ်တင်ဆက်သူများ၊ အခမ်းအနားမှူးများ၊ ဟောပြော ဆွေးနွေးသူများအဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ယူဆောင်ရွက်နိုင်ရေးအတွက် အခမ်းအနားမှူးသင်တန်း အမှတ်စဉ်(၂/၂၀၂၃) အခမ်းအနားကို ယနေ့နံနက်(၉:၃၀)အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၁၂)ဦးဖြင့် ဖွင့်လှစ်ပို့ချခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား ရုံးချိန်အတွင်း နေ့စဉ်နံနက်(၉:၃၀)နာရီမှ (၁၁:၃၀)နာရီအထိ (၆.၁၁.၂၀၂၃)ရက်နေ့မှ (၁၇.၁၁.၂၀၂၃)ရက်နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ နို၀င်ဘာ(၆)။ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးများ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များနှင့်တာ၀န်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးမျိုးသူရက ပြိုင်ပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်း‌ဒေသကြီး၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား U-12၊ အမျိုးသမီး U-14၊ အမျိုးသား လူသစ်တန်းနှစ်ယောက်တွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲ၊ အမျိုးသားပထမတန်း၊ ဒုတိယတန်း၊ အသက်၅၀၊ ၆၀နှစ်အထက်နှစ်ယောက်တွဲ၊ အသင်းလိုက်ပြိုင်ပွဲများယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။ ယင်းပြိုင်ပွဲကို နို၀င်ဘာ၆ရက်မှ၁၂ရက်အထိ ကျင်းပမည်ဖြစ်ပြီးပြိုင်ပွဲ၀င် အသင်း၂၀၊ အားကစားသမား၂၈၀ကျော်၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၆)။ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7(စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်ရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာတိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမား ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒို အားကစားနည်းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုက်ကွမ်ဒိုကလပ်များနှင့်ပူးပေါင်း၍ ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ […]