အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ်၊ တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းအခမ်းအနားကျင်းပ

တောင်ကြီး၊ မတ်လ(၄)ရက်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုများကိုခံယူကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၄ ခုနှစ် ၊ ရှမ်းပြည်နယ်တောင်ကြီးမြို့နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၁၅:၃၀) နာရီအချိန်တွင် ပြည်နယ်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ဖိတ်ကြားထားသောပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူများ၊ သားဖွားသင်တန်းကျောင်းမှသင်တန်းသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ကျောင်းသား/ ကျောင်းသူများ ၊ အားကစားနည်းအလိုက် သင်တန်းနည်းပြဆရာ/ဆရာမများ ၊ သင်တန်းသို့တက်ရောက်နေကြသောသင်တန်းသား/သင်တန်းသူ စုစုပေါင်း(၁၂၇၁)ဦး နှင့် အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင် ပါဝင်သော “ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့်ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် နွေရာသီအခြေခံအားကစားသင်တန်းများအား နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများသည် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အားကစားကို ဝါသနာပါလာစေရန် ၊ ဗလငါးတန်နှင့်ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်သည့် လူငယ်/လူရွယ်များ ဖြစ်ပေါ်လာစေရန်နှင့် မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာလိုက်စားခြင်းမှ အဆင့်ဆင့်ကျွမ်းကျင်တတ်မြောက်ကာ စဉ်ဆက်မပြတ် လေ့ကျင့်ပြီး ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်တို့ကိုရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း အစရှိသည်များကိုပြောကြားသွားကာ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက အားကစားနည်းအလိုက် သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ကာ သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး တိုက်ကွမ်ဒို ၊ မြန်မာ့သိုင်း ၊ ဝူရှူး အားကစားနည်းများမှ သရုပ်ပြသမှုများကို တက်ရောက်

ကြည့်ရှု့အားပေးခဲ့ကြောင်းသိရှိခဲ့ရကာအဆိုပါသင်တန်းအား (၃၁.၃.၂၀၂၄)ရက်နေ့အထိ အားကစားနည်း(၂၀)နည်းအား ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။