၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများဆက်လက်ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ(၂၅)။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ (အမျိုး သား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲရုံ၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် 6 Red Snooker Single Men ပြိုင်ပွဲ ၊ Billiards Single Men ပြိုင်ပွဲ၊ 9 Ball Pool (Men/ Women) ပြိုင်ပွဲ ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ(၂၆)ရက်နေ့ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာ (အမျိုး သား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် 15 Red Snooker ပြိုင်ပွဲ၊ 9 Ball Women S ပြိုင်ပွဲ၊ 9 Ball Men S ပြိုင်ပွဲ၊ Billiards Double ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


