အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနား တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားနှင့် အလေးမအားကစားနည်းပြိုင်ပွဲအသွင် ဆန်းစစ်ပြိုင်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော် ဧပြီလ(၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်း ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၈:၄၅)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်းများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ခလုတ်နှိပ်၍ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခြင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း၊ လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့် ပတ်ဖြန်းပေးခြင်းနှင့် ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခြင်းများ ပြုလုပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်အမှာစကား ပြောကြားရာတွင်- […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်စခန်းဝင်လေ့ကျင့်နေသော အားကစားသမားများအား လိုက်လံကြည့်ရှုအားပေး

Loading

ရန်ကုန်၊ ဧပြီလ (၄) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ညွှန်ကြားရေးမှူးများလိုက်ပါလျက် ယနေ့နံနက်(၇:၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ် သို့ ရောက်ရှိပြီး (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်စခန်းဝင်လေ့ကျင့်နေသော ကနူး/ကယက်နှင့် Rowing ကစားသမား(၂၉)ဦး၊ အုပ်ချုပ်/နည်းပြ(၇)ဦးတို့နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားကြရန်နှင့် COVID-19 ရောဂါမဖြစ်ပွားရေးအတွက် သတ်မှတ် စည်းကမ်းနှင့်အညီ သွားလာနေထိုင်စားသောက်ရေးကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလမ်းညွှန်မှာကြားကာ၊ ကစားသမားများ၏ လေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး ပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်လှေလှော်ပြိုင်ပွဲမှ ရွေးချယ်ထားသော မျိုးဆက်သစ် အားကစားသမားများအားလည်း ထူးချွန်သော မြန်မာလက်ရွေးစင်အားကစားသမားများဖြစ်လာ အောင်ကြိုးစားကြဖို့မှာကြားပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းမှ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိရာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အားက စားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ အားက စားကွင်း/ရုံများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဧပြီ (၃)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းအချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီး ဌာန ဘောလုံးကွင်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်းအတွင်း အရံကစား သမားများထိုင်သည့်ခုံများအား အသစ်ပြန်လည်ပြုပြင်သွားရန်၊ ဘောလုံးကွင်းအား အမြဲတမ်း စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ်များကောင်းမွန်အောင် စီစဥ်ဆောင်ရွက်ထားရှိရန်နှင့် အားကစားကွင်း/အားကစားရုံ ဘေးပတ်ဝန်းကျင်နေရာများအား စဉ်ဆက်မပျက် သန့်ရှင်းသာယာလှပမှုရှိအောင် သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြရန် နှင့် ပြည်သူများ စိတ်လက်ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့သို့ရောက်ရှိပြီး ခရိုင်အားကစားရုံအား […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မတ်(၂၆)။ ၂၀၂၂ခုနှစ်၊ မေလတွင် ဗီယက်နမ်နိုင်ငံ၌အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်းများအနက်မှ ယနေ့ နံနက်(၉) နာရီအချိန်တွင် တိုက်ကွမ်ဒိုအားကစားရုံ၌ မြန်မာ့လက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမား များ၏ Test Match Competition သရုပ်ပြလေ့ကျင့်ယှဉ်ပြိုင်နေမှုများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးတို့မှ သွားရောက် ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးမှ အုပ်ချုပ်/နည်းပြနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရုရှား – မြန်မာ ချစ်ကြည်ရေးအဖွဲ့နှင့် အားကစားကဏ္ဍနှင့် လူငယ်ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ မတ်(၂၅)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့အား ယနေ့ နေ့လည်(၂)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၃၁) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ Project Manager Mr.Denis DEGTEREV ၊  Executive Director Mr.Ivan IVANOV၊ Chief Executive […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့များအား လိုက်လံကြည့်ရှုအားပေး နေပြည်တော်၊ မတ်(၁၈) ။ (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ယှဉ်ပြိုင်ရန်အတွက်  တရုတ်နိုင်ငံ၌ (Joint Training) ပူးတွဲသွား ရောက်လေ့ကျင့်ခဲ့သည့် (ဘော်လီဘော၊ လက်ဝှေ့၊ အလေးမနှင့် ဝူရှူး) အားကစားအဖွဲ့များနှင့် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် (ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ်) အားကစားအဖွဲ့များအား ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ သရုပ်ပြလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဝဏ္ဏသိဒ္ဓီအားကစားရုံ (A)၌ ဂျူဒို လက်ရွေးစင်အားကစားသမားများ၏ ဝိတ်တန်းအလိုက် […]

ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

Loading

ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက် နေပြည်တော်၊ မတ် (၁၆) ။ ပြည်နယ်/တိုင်းဒေသကြီးနှင့်ခရိုင်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ လမ်းညွှန်ချက်အရ ပြည်နယ်/တိုင်း ဒေသကြီးနှင့်ခရိုင်များရှိ အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲခေါင်းစဉ်ဖြင့် ဟောပြောပွဲများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ် ဘောလုံးအားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ ဆိုလာစနစ်ဖြင့် ရေရရှိရေး၊ ဘောလုံးကွင်းအမြဲသန့်ရှင်းသာယာလှပမှု ရှိစေရေး ဆောင်ရွက်ထားရန်နှင့် ကွင်းပတ်လည်တွင် ဈေးရောင်းချသူများမရှိစေရေး ကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် ဘောလုံးကွင်းပွဲကြည့်စင်နှင့် အုတ်နံရံတံတိုင်းများ ရေရှည် တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်သွားရန်မှာကြားခဲ့ပြီး မိမိတို့ဝန်ကြီးဌာနသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစားကဏ္ဍတွင် သာမက လူငယ် ရေးရာကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ် များရှိ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ မတ်(၁၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်(၉)နာရီ အချိန်မှစတင်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်းရှိ နှစ်(၇၀၀)ပြည့် ဘောလုံးအားကစားကွင်းသို့ သွားရောက်ခဲ့ပြီး ဘောလုံးကွင်းအတွင်း (Synthetic) ပြေးလမ်းခင်းကျင်းနေမှု၊ ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးကွင်း ပွဲကြည့်စင်အား ထပ်မံတိုးချဲ့ တည်ဆောက်သွားရန်နှင့် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေး၊ သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်ထားရှိရန်နှင့် ဘောလုံးကွင်းတည်ဆောက်ပြီးစီးပါက ပြည်သူများ စိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိရန်လိုကြောင်းနှင့် ဘောလုံးကွင်းပတ်လည်ရှိ ရေနှုတ်မြောင်းများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ မတ်(၇)။              အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများအား ကြိုဆိုနှုတ်ခွန်းဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအသီးသီးမှ ညွှန်ကြားရေးမှူးများ၊  ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် အရာထမ်း/အမှုထမ်း များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ […]