အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ Park Trainers Association မှ ဂျပန်နည်းပြဆရာများက Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy နှင့်သက်ဆိုင်သည့်သင်ခန်းစာများအား သင်ကြားပို့နေမှုကို လာရောက်ကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ(၂၆)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၊ မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Cluster (3)ရှိ Judo Training Hall ၌ Park Trainers Association မှ ဂျပန်နည်းပြဆရာများဖြစ်ကြသည့် NAKAJIMA YOSHIKAZU, NAKAJIMA YOSUKE, HOSHINO SEIYA, OTAKE REN, ABE YAMATO တို့က မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ အုပ်ချုပ်/နည်းပြများ၊ အားကစားဆေးဘက်ဌာနခွဲမှ ဆရာ/ဆရာမများနှင့် ဂျူဒိုအားကစားသမားများအား Trainers နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များနှင့် Taping & Therapy ကောင်းတစ်ဦးဖြစ်အောင် မည်သို့ဆောင်ရွက်ရမည်ကို သိရှိနားလည်စေရန် ရည်ရွယ်၍ သင်ခန်းစာများအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချခြင်းများကို လာရောက်ကြည့်ရှုခဲ့ကြသည်။

ဦးစွာ Park Trainers Association မှ ဂျပန်နည်းပြဆရာ NAKAJIMA YOSHIKAZU က အားကစားသမားတစ်ဦးအနေဖြင့် လေ့ကျင့်မှုများပြုလုပ်ရာတွင် ထိခိုက်ဒဏ်ရာမရရှိစေရန်အတွက် ကြိုတင်ကာကွယ်ရမည့်အချက်များနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါက မည်သို့ကုသရမည်ဆိုသည့်အချက်များအား အဓိက ဆွေးနွေးပို့ချခဲ့ပြီး၊ NAKAJIMA YOSUKE က အားကစားသမားတိုင်း ထိခိုက်ဒဏ်ရာ အများဆုံး ရရှိနိုင်သည့် ခြေကျင်းဝတ်၊ ဒူးဆစ်၊ ပခုံးဆစ်နာကျင်သည့်နေရာများအား Taping (ပတ်တီးစည်းခြင်း)နှင့် နာကျင်မှုသက်သာပြီး ထိရောက်မှုရှိမည့် Therapy နည်းစနစ်များအား လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့် တာဝန်ရှိသူများက Park Trainers Association မှ ဂျပန်နည်းပြဆရာများအား အမှတ်တရ လက်ဆောင်ပစ္စည်းများအား အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်ခန်းစာများအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချခြင်းကို စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက် (၈)နာရီမှ (၁၁)နာရီထိ၊ မွန်းလွဲ(၂)နာရီမှ (၅)နာရီထိ Park Trainers Association မှ ဂျပန်နည်းပြဆရာ(၅)ဦးတို့က သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။