အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၁၉)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ

ရန်ကုန်၊ စက်တင်ဘာလ(၂၂)ရက်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၈)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ အုပ်ချုပ်မှုအဖွဲ့(၆)ဦး၊ ဝူရှူးအားကစားနည်းမှ ဒုတိယဥက္ကဌနှင့် နည်းပြ(၁)ဦး ၊ အမျိုးသား အားကစားသမား(၁)ဦး၊ အမျိုးသမီးအားကစားသမား (၃)ဦး၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၁)ဦးနှင့် အမျိုးသား အားကစားသမား(၁)ဦး တို့သည် ယနေ့ နေ့လယ် (၁၁:၂၅)နာရီအချိန်၌ လေယာဉ်အမှတ် CZ -3056 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပါသည်။

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အမျိုးသား ဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports ၊ မြားပစ်အားကစားနည်း(၇)မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါသည်။ (၁၆.၉.၂၀၂၃)ရက်နေ့တွင် အမျိုးသားဘောလုံးအသင်း၊ (၁၉.၉.၂၀၂၃)ရက်နေ့တွင် အမျိုးသမီးဘောလုံးအသင်း၊ (၂၁.၉.၂၀၂၃)ရက်နေ့တွင် မြန်မာ E-Sports(AOV) အသင်းတို့ ထွက်ခွာသွားခဲ့ကြပြီး ဆက်လက်၍(၂၄.၉.၂၀၂၃)ရက်နေ့တွင် မြန်မာE-Sports(PUBGM) အသင်း၊ (၂၆.၉.၂၀၂၃)ရက်နေ့တွင် မြန်မာE-Sports(Dota-2) အသင်း၊ (၂၉.၉.၂၀၂၃)ရက်နေ့တွင် မြားပစ်နှင့် ပိုက်ကျော်ခြင်းအသင်း၊ (၂.၁၀.၂၀၂၃)ရက်နေ့တွင် လှေလှော်အသင်းတို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။