အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဟန်ကျိုး၊ စက်တင်ဘာ(၂၄)။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ဒေသစံတော်ချိန် (၈)နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center) ၌ ကျင်းပသည်။

အခမ်းအနားတွင် (၁၉)ကြိမ်မြောက် တရုတ်အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အာရှအိုလံပစ်ကော်မတီယာယီဥက္ကဋ္ဌတို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်က (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမှတ်တရနေရာများ၊ ရိုးရာအကအလှများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သရုပ်ဖော်ပြသခဲ့သည်။ အာရှအားကစားပြိုင်ပွဲ အလံလွှင့်တင်ပြီး အားကစားသစ္စာအဓိဌာန်နှင့် ဒိုင်လူကြီးသစ္စာအဓိဌာန်တို့ကိုရွတ်ဆိုခဲ့ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ရွေးစင်အားကစားသမားများက အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင်ကို ကွင်းအတွင်းသို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ မီးထွန်းညှိပေးခဲ့ကြသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။