အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ(၁၅)ရက်။

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ဆက်လက်ကျင်းပခဲ့သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ စတုတ္ထနေ့ ပွဲစဉ်များအဖြစ် အမျိုးသား(၈၁)ကီလိုပြိုင်ပွဲ၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၈၉)ကီလိုပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား(၈၁)ကီလိုပြိုင်ပွဲတွင် မောင်ခွန်မောင်ခင်(ရှမ်း)က ပထမ၊ မောင်သန်းမျိုးထွန်း(မကွေး)က ဒုတိယ၊ မောင်နေလင်းဦး(ရန်ကုန်)က တတိယဆုများကို လည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲတွင် မသူဇာခင်(စစ်ကိုင်း)က ပထမ၊ မအေးစန္ဒာဝင်း(မကွေး)က ဒုတိယနှင့် မရွှေရည်ဖူး(မကွေး)က တတိယဆုများကိုလည်းကောင်း၊ အမျိုးသား(၈၉)ကီလိုပြိုင်ပွဲတွင် မောင်ခိုင်မျိုးဦး(စစ်ကိုင်း)က ပထမ၊ မောင်အောင်ထက်ဟိန်း(မန္တလေး)က ဒုတိယ၊ မောင်လွင်ထူးခန့်(မကွေး)က တတိယဆုများကို အသီးသီးရရှိခဲ့ကြပြီး အမျိုးသား (၈၉)ကီလိုပြိုင်ပွဲတွင် မောင်ခိုင်မျိုးဦး(စစ်ကိုင်း)သည် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲ အမြန်မ သတ်မှတ်စံချိန် (၁၁၇)ကီလိုကို (၁၁၈)ကီလိုဖြင့် လည်းကောင်း၊ နှစ်ဆင့်မ သတ်မှတ်စံချိန် (၁၄၅)ကီလိုကို (၁၅၀)ကီလို ဖြင့်လည်းကောင်း၊ စုစုပေါင်း သတ်မှတ်စံချိန်(၂၆၀)ကီလိုကို (၂၆၈)ကီလိုဖြင့်လည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲတွင် မသူဇာခင်(စစ်ကိုင်း)သည် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲ အမြန်မ သတ်မှတ်စံချိန် (၈၀)ကီလိုကို (၈၁)ကီလိုဖြင့် လည်းကောင်း၊ နှစ်ဆင့်မ သတ်မှတ်စံချိန် (၁၀၀)ကီလိုကို (၁၀၈)ကီလို ဖြင့်လည်းကောင်း၊ စုစုပေါင်း သတ်မှတ်စံချိန် (၁၇၈)ကီလိုကို (၁၈၉)ကီလိုဖြင့်လည်းကောင်း စံချိန်သစ်များတင်နိုင်ခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး(၄၅)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မယဉ်ယဉ်ထွေး(ပဲခူး)၊ ဒုတိယဆုရရှိသော မချိုဇင်မြင့်(မကွေး)၊ တတိယဆုရရှိသော မခိုင်သဇင်အောင်(ဧရာဝတီ)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို ညွှန်ကြားရေးမှူး ဦးသန်းအောင်မှလည်းကောင်း၊ အမျိုးသား(၅၅)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ထက်အာကာဖြိုး(မကွေး)၊ ဒုတိယဆုရရှိသော မောင်အောင်ပြည့်စုံဦး(ဧရာဝတီ)၊ တတိယဆု ရရှိသော မောင်မျိုးမင်းထက်(ဧရာဝတီ)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို ညွှန်ကြားရေးမှူး ဦးမင်းမင်းထွန်းကလည်းကောင်း၊ အမျိုးသမီး(၄၉)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မနောအယ်ကညောကျော့(ဧရာဝတီ)၊ ဒုတိယဆုရရှိသော မထက်ထက်ထွေး(စစ်ကိုင်း)၊ တတိယဆုရရှိသော မမာမာထွေး(မန္တလေး)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးကလည်းကောင်း၊ အမျိုးသမီး(၅၅)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မသက်မွန်မြင့် (မကွေး)၊ ဒုတိယဆုရရှိသော မအေးစန္ဒာ(စစ်ကိုင်း)၊ တတိယဆုရရှိသော မခင်သီတာရွှေ(မကွေး)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း၊ အမျိုးသား(၆၁)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်မြတ်ကျော်သူ(ဧရာဝတီ)၊ ဒုတိယဆုရရှိသော မောင်ဝေလွင်ဖြိုး(မန္တလေး)၊ တတိယဆုရရှိသော မောင်အောင်နိုင်လင်း(ရန်ကုန်)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးကလည်းကောင်း၊ အမျိုးသား(၆၇)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ထက်ညီညီနိုင်(ဧရာဝတီ)၊ ဒုတိယဆုရရှိသော မောင်ဝမ်ကြာလယ်(စစ်ကိုင်း)၊ တတိယဆုရရှိသော မောင်ကျော်ဖြိုးလတ်(ရန်ကုန်)တို့နှင့် အမျိုးသား(၇၃)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ရှိုင်းညီညီ(ဧရာဝတီ)၊ ဒုတိယဆုရရှိသော မောင်ရှိုင်းထက်အောင်(ရှမ်း)၊ တတိယဆုရရှိသော မောင်သက်ပိုင်ထူး(ဧရာဝတီ)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးကလည်းကောင်း၊ အမျိုးသမီး(၅၉)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မဧပရယ်ထွန်း(ဧရာဝတီ)၊ ဒုတိယဆုရရှိသော မဆုမြတ်မွန်(ရန်ကုန်)၊ တတိယဆုရရှိသော မအေးယုခိုင်(မကွေး)တို့နှင့် အမျိုးသား(၈၁)ကီလို ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ခွန်မောင်ခင်(ရှမ်း)၊ ဒုတိယဆုရရှိသော မောင်သန်းမျိုးထွန်း (မကွေး)၊ တတိယဆုရရှိသော မောင်နေလင်းဦး(ရန်ကုန်)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးကလည်းကောင်း၊ အမျိုးသမီး(၆၄)ကီလိုပြိုင်ပွဲတွင် ပထမဆုရရှိသော မသူဇာခင်(စစ်ကိုင်း)၊ ဒုတိယဆုရရှိသော မအေးစန္ဒာဝင်း(မကွေး)၊ တတိယဆုရရှိသော မရွှေရည်ဖူး(မကွေး)တို့နှင့် အမျိုးသား (၈၉)ကီလို ပြိုင်ပွဲတွင် ပထမဆုရရှိသော မောင်ခိုင်မျိုးဦး(စစ်ကိုင်း)၊ ဒုတိယဆုရရှိသော မောင်အောင်ထက်ဟိန်း (မန္တလေး)၊ တတိယဆုရရှိသော မောင်လွင်ထူးခန့်(မကွေး)တို့အား ဆုတံဆိပ်နှင့်ငွေသားဆုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း ဆုများ အသီးသီးပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

(၁၆.၉.၂၀၂၃)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး (၇၆)(၈၁)(+၈၇)ကီလိုပြိုင်ပွဲနှင့် အမျိုးသား (၉၆)(၁၀၂)(၁၀၉)ကီလိုပြိုင်ပွဲများအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အားကစား ဝါသနာရှင်များအနေဖြင့်မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။